Part (35) ♥{Unicode}

54 3 0
                                    

ညနေ နေဝင်ခါနီးအချိန်တွင် ရှောင်ချန်းရောက်လာသည်။

"ချင်းဟန် ကိုယ့်ကို စောင့်နေရတာကြာ‌ပြီလား "

"မကြာသေးပါဘူး ချင်းဟန်လည်း ပုံဆွဲဖို့စဉ်းစားနေတာနဲ့ ကြာတယ်လို့မထင်ဘူးရယ် "

"ရော့ ချင်းဟန်အတွက် "

သူမလက်အတွင်းမှ ကိုင်လာသောပစ္စည်းများအားပေးလိုက်သည်။

"ဒါက ..."

သူမ ဘာလုပ်ရမှန်းမသိစွာဖြင့် ရှောင်ချန်းအား တစ်လှည့် အကျီအားတစ်လှည့်ကြည့်နေလိုက်သည်။

"အကျီလဲလိုက် "

သူမ ခေါင်းငြိမ့်လိုက်ပြီး သူမအတွက် ရှောင်ချန်း ပြင်ဆင်ပေးထားသော အဝတ်အစားများအား လဲလိုက်သည်။

"လှလား "

သူမကိုယ်သူမ လှည့်ပတ် ကြည့်ကာ မေးလိုက်သည်။ သူမဒီလိုအဝတ်အစားမျိုးမဝတ်မိတာ နည်းနည်းတောင်ကြာနေသလိုဘဲ။

ချင်းဟန်၏ အမေးစကားအား ကြားသော်လည်း ရှောင်ချန်း ပြန်မ‌ဖြေမိပေ။ လှသည်ဆိုသောစကားထက်ပိုလှသော ထိုအမျိုးသမီးအား ငေးကြည့်နေမိသည်။

ချင်းဟန်ကြောင့် နို့နစ်ရောင်ဂါဝန်လေးထက်မှ လှပစွာ စီခြယ်ထားသော ကျောက်များပင် မှေးမှိန်သွားသယောင်ထင်ရသည်။ သူမကူလို့ဘဲ အကျီက ပိုလှသွားတယ်ထင်၏။ ရှောင်ချန်း သူမအား ကြည့်ကာ ပြုံးနေသည်။ မျက်ဝန်းတို့တွင် အချစ်ရိပ်များ ဖြန့်ကျက်နေမိသည်။

ချင်းဟန် အမေးစကားအား အ‌ဖြေပြန်မလာသောကြောင့် ရှောင်ချန်းဘက်လှည့်လိုက်သည်။ ထိုအခါ သူမအား စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံနှင့် ဆုံသည်။

"ရှောင်ချန်း ချင်းဟန်လှလားလို့ ..."

သူမအသံသည် အနည်းငယ် စိတ်ဆိုးနေမှန်းသိသာလှသည်။

ထိုအသံအားကြားမှသာ သူမ ငေးကြည့်နေရင်းမှ အသိစိတ်ဝင်လာကာ‌ဖြေလိုက်သည်။

"လှတာပေါ့ ကိုယ်ရွေးပေးထားတဲ့ အကျီကြောင့်ပိုလှတာဖြစ်မယ် "

"မဟုတ်တာ ချင်းဟန်ကအရင်ကတည်းက လှတာ"

တစ်‌ယောက်နှင့်တစ်ယောက် စိတ်လွတ်ကိုယ်လွတ် ကျီဆယ်နေကြသည်။ ဒီလိုနှင့် ညနေစောင်းအလှသည် အမျိုးသမီးနှစ်ယောက်ကြောင့် ပိုမို လှပလာခဲ့သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Opowieści tętniące życiem. Odkryj je teraz