Part (4) ♥{ Unicode }

174 17 0
                                    

အေးမြပြီး တိတ်ဆိတ်​ေသာ ပတ်ဝန်းကျင် လပ်ဆပ်သည့်ပန်းရနံ့နှင့် တသွင်သွင်စီးဆင်းနေသည့် မြစ်၏ နဘေးတွင် မိန်းမငယ်လေးနှစ်ယောက် ပျော်ရွှင်စွာစကားပြောနေကြသည်။

ရင်ထဲမှ ရန်ခုန်မှုနှင့် စိတ်လှုပ်ရှားမှုတို့အား ထိန်းချုပ်ကာ ပျော်ရွှင်နေကြသည်။ သူမတို့နှစ်ယောက်အချစ်သည် ထပ်တူကျနေသည်ကိုတော့ သိကြမည်မဟုတ်။

မနက်မိုးလင်းချိန် နေရောင်ခြည်ယဲ့ယဲ့လေးသည် ဟန်ချင်း မျက်လုံးအပေါ် ကျရောက်လာခဲ့သည်။ ကျေးငှက်လေးများ၏ သာယာသံနှင့်အတူ သူမနိုးထလာခဲ့သည်။ သူမမက်ခဲ့သော လက်တွေ့ဆန်သောအိမ်မက်အား မေ့ပျောက်မသွားဘဲ မှတ်မိနေခဲ့သည်မှာ အံသြဖွယ်ဖြစ်သည်။

ကျယ်လောင်သောတံခါးခေါက်သံနှင့်အတူ ဖုန်းယဲ့ နိုးလာခဲ့သည်။ တံခါးခေါက်နေသည့် အကိုဖြစ်သူအား အိပ်ယာထဲမှ လှမ်းအော်လိုက်သည်။

ကျိုးဇီယု..... "ဖုန်းယဲ့ ညီမေလး ထတော့လေ နေမြင့်နေပြီ "

ဖုန်းယဲ့......" ဖုန်းယဲ့ အိပ်ချင်သေးတယ် မထချင်သေးဘူး "

ဖုန်းယဲ့ အေတြးမ်ားကာ မနက်မိုးလင်းခါနီးအချိန်မှ အိပ်ပျော်သွားသည့်အတွက် အိပ်ရေးမဝ၍ အော်ဟစ်နေတော့သည်။

ညီမလေးအားအရမ်းချစ်သည့် ဇီယုမွာ နောက်တစ်ကြိမ် ထပ်မနိုးတော့ဘဲ အေစခံမ်ားကိုလဲ မနိုးဖို့မှာထားလိုက်သေးသည်။

ဖုန်းယဲ့၏ လှပေသာ အိမ်မက်မှ နိုးထလာရသည့်အတွက် အကိုကြီးကိုသာ စိတ်ထဲမှ မကျေမနပ်ဖြစ်နေတော့သည်။
အိမ်မက်ထဲမှ ဖုန်းယဲ့၏ နတ်သမီးလေးဟန်ချငး်မှာ အပြင်ကအတိုင်းပင် လှနေသည်။ အိမ်မက်မှာ လက်တွေ့မဆန်သော်လည်း အစစ်အမှန် ဟုပင် ထင်မှတ်ရသည်။

အိမ်မက်ထဲမှအကြောင်းအရာများအား ပြန်စဉ်းစားနေမိကာ ကြည်နူးနေမိသည်။ ပိုင်ဟန်ချင်း လှပသည့်နာမည်နှင့်အတူ လှပသည့် သူမ လိုက်ဖက်လွန်းလှသည်။

(ဟန်အာ ဖုန်းယဲ့ ကို ရူးအောင်လုပ်နေတာလား လှပလွန်းတဲ့ မင်းရဲ့အကြည့်က ဖုန်းယဲ့ အတွက် နှိုင်းယဉ်စရာမရှိဘူး မင်းသာ ကိုယ့်အပိုင် ဖြစ်လာခဲ့ရင်. ဖုန်းယဲ့ ရူးသွားအောင်ပျော်သွားနိုင်လောက်တယ် )

သူမတို့နှစ်ယောက်လုံး စွဲလန်းခြင်းကြောင့် အိမ်မက်မက်ခဲ့သည်ဟုသာ မှတ်ယူထားလိုက်သည်။ သူမတို့မသိသေးသည်မှာ ထိုအိမ်မက်မှတစ်စင့် အချင်းချင်း ပိုရင်းနှီး ကျွမ်းဝင်စေလိမ့်မည်။ မထင်ထားသည့်အရာများနှင့်တွေ့ကြုံနိုင်သည်။

ဖုန်းယဲ့ နှင့် ဟန်ချင်းမတွေ့သည်မှာ ရက်အနဲငယ်ကြာခဲ့လေပြီ။ လွမ်းဆွတ်သတိရမှုနှင့်အတူ အမှတ်တရအချို့အား တွေးကာ ဖြေသိ်မ့်ခဲ့ကြသည်။ တွေ့ဆုံရန်အတွက် အခွင့်အရေးမရှိကြ၍ မတွေ့ဆုံနိုင်ပေ။ သူမတို့၏ လွမ်းဆွတ်မှုကြောင့် ကံကြမ္မာသည် မျက်နှာသာပေးခြင်းပေလားမသိ သူမတို့နှစ်ယောက်အား နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံစေသည်။

ဖုန်းယဲ့အိမ်တော့မှ ထွက်လာခဲ့သည့်အချိန်မှစ၍ စိတ်ထဲတွင် ဟန်ချင်းဖြင့် နောက်တစ်ကြိမ်ထပ်ဆုံနိုင်ရန် ကြိတ်ဆုတောင်းနေခဲ့သည်။ လမ်းပျောက်တတ်လွန်း၍ အပြင်ကိုထွက်ဖို့ ခဲယဉ်းလွန်းလှတဲ့ သူမ အကြောင်းတွေကာ မျှော်လင့်ချက်များအား ဖျက်စီးလိုက်သည်။ သူမ စိတ်မပါစွာဖြင့် ဆက်လျှောက်လာခဲ့သည်။

အိမ်ထဲတွင်သာနေပြီး စိတ်နှင့်လူနှင့်မကပ်သည့် သခင်မလေးအားကြည့်ကာ ချာချာအကြံတခုရခဲ့သည်။ ချာချာအကြံအား သခင်မလေးအားပြောပြကာ သခင်မလေးသဘောတူသဖြင့် အဝတ်စားလဲရန် ပြင်ဆင်ပေးနေခဲ့သည်။

ခ်ာခ်ာ....." သခင်မလေး မျက်နှာလဲ မလန်းပါလား အိမ်ထဲမှာနေလို့ ပျင်းနေရင် ခ်ာခ်ာ တို့ ဝါးရုံတောလေးဆီ အလည်သွားကြမယ်လေ "

ဟန်ချင်း......"သွားကြတာပေါ့ ခ်ာခ်ာ "

သူမအားပြုံးပြနေသည့်ချာချာအား သူမ စိတ်မပါစွာ ပြန်ပြုံးပြခဲ့သည်။

သူမ အပြင်ထွက်ရတာ မကြိုက်ပေမဲ့ ဖုန်းယဲ့ဆိုသည့် သူမနှလုံးသားထဲ နေရာယူထားသည့် ချစ်စဖွယ် ကောင်မလေးနှင့်တွေ့ချင်မိသည်။ နောက်တခါထပ်စုံချင်ပေမဲ့ မသေချာသည့်အရာမို့ အရမ်းမမျှော်လင့်ရဲပေ။ သူမတို့အား တွေ့ဆုံခွင့်ပေးခဲ့သည့်ကံတရားအားကျေးဇူးတင်နေမိသည်။ ပထမအကြိမ်တွေ့ဖူးချိန်မှ သူမရဲ့စိတ်အာရုံအားလုံးအား ဆွဲဆောင်သွားခြင်းခံရမည်ဟု မထင်ထားခဲ့ပေ။

ခ်ာခ်ာ ယူလာသည့် အပေါ်ထပ်ဝတ်ရုံလွှာအားဝတ်ကာ ချာချာနှင့်အတူ ထွက်လာခဲ့သည်။ အိမ်တော်၌တွင်ဘဲ နေလေ့ရှိသည့် သူမအတွက် အပြင်ထွက်သည့်အခါ အနဲငယ် စိတ်လန်းဆန်းလာခဲ့သည်။ ခ်ာခ်ာ ဦးဆောင်ပြီးခေါ်လာသည့် ဝါးရုံတောလေးဆီသို့ ရောက်လာခဲ့သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Tahanan ng mga kuwento. Tumuklas ngayon