Part (36) ♥ {Unicode}

48 0 0
                                    

    ရှောင်ချန်း ချင်းဟန်၏ အခြေအနေအား အကဲခတ်နေသည်။ ပြုံးနေသော်လည်း ချင်းဟန် အမှန်တကယ်ပင် ပျော်နေသည် မဟုတ်ကြောင်း သူမသိသည်။ ချင်းဟန် စိတ်မကောင်းဖြစ်နေသည်လား သို့မဟုတ် သဝန်တိုနေသည်များလား ချင်းဟန် တစ်စုံတစ်ခု ခံစားနေရသည်အား ရှောင်ချန်းသိနေသည်။

ထို့ကြောင့် သူမစိတ်ထဲ ကြိတ်ပြုံးနေမိသည်။ ချင်းဟန်အား အရိပ်တကြည့်ကြည့်ဖြင့် ချစ်နေမိသူ သူမအတွက် ချင်းဟန် မည်သို့ပင် ဟန်ဆောင်ပြုံးနေပါစေ ခံစားချက် အစစ်အမှန်အား ရိပ်မိနေသည်။

ရှောင်ချန်း ချစ်မြတ်နိုးရသည့် အမျိုးသမီးသည် သူမကိုယ်တိုင်ဖြစ်နေမှန်း ချင်းဟန်သိပုံမပေါ်။ ချင်းဟန်သည် ရိုးသားလွန်းသည်။ အလိုရမ္မက်နည်းသည်။ သေချာသည်မှာ သူမ၏ ချစ်ရသူသည် သူတစ်ပါးထံတွင် မျှော်လင့်ချက်ထားတတ်သူမဟုတ်။

"ချင်းဟန်"

တိတ်ဆိတ်သွားသော လေထုအား ဖြိုခွင်းကာ ပြန်လည်အသက်ဝင်လာစေသူမှာ ရှောင်ချန်းပင်။

"ပြောလေ ရှောင်ချန်း  "

ပြုံးတုံ့တုံ့မျက်နှာဖြင့်သာ ပြောလာသူ။

" ချင်းဟန် ကိုယ့်ကို အကြံပေးသလိုမျိုး တစ်ယောက်ယောက်က ချစ်ခွင့်ပန်လာရင် လက်ခံမှာလား "

ရှောင်ချန်းသည် ထိုမေးခွန်းအား စိတ်ဝင်စားမှုအပြည့်ဖြင့်မေးလိုက်သည်။

"ချင်းဟန်ကို ဘယ်က ချစ်ခွင့်ပန်တဲ့သူရှိပါ့မလဲ "

ဘယ်သူကများ ချင်းဟန်လိုလူကို ချစ်နိုင်ပါ့မလဲ ၊ မရှိဘူး သေချာပါ၏ ။ ရှိလာရင်လည်း ချင်းဟန်လက်မခံချင်ဘူး။ ထို့ထက် မရှိလျှင် ပိုကောင်းသည်။ သူမဆီကမှ မရနိုင်တော့ ဘယ်ယောက်ျား မိန်းမဆီမှ ချစ်ခြင်းကို ချင်းဟန်မလိုချင်၊ မရချင်။

ချင်းဟန် စိတ်သန့်ချင်သည်။ ချစ်ရတဲ့သူဆီက အချစ်မခံရရင်တောင် ချင်းဟန်ထပ်မချစ်ချင်သလို အချစ်လည်းမခံချင်တော့တာအမှန်။ တယူသန်လွန်းသည် မဟုတ်သော်လည်း ချင်းဟန်စိတ်ပိုင်းဖြတ်ထားပြီးပြီ ။

"မရှိနိုင်ဘူးလို့ ချင်းဟန်က ဘာလို့ တင်ရမှာလဲ?"

"ဘာကြောင့်ရယ်လို့တော့ မရှိပေမဲ့ ဒီအတိုင်းပဲ မရှိနိုင်ဘူး ထင်တယ် "

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jul 10 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

The Destiny Of Love {အချစ် ကံကြမ္မာ}Tempat cerita menjadi hidup. Temukan sekarang