Part(21)♥{ Zawgyi }

34 2 2
                                    

သူမအား ဝင်တိုက်ခဲ့သည်သူသည် သူမ ရင်နှင့်အမျှ ချစ်ရပါသော ဖုန်းယဲ့ပင်။

ဖုန်းယဲ့ အကိုဇီယု အပြင်သွားသည့်အချိန်တွင် အစောင့်များအား လစ်ကာ ခြံစည်းရိုးပေါ်မှတစ်ဆင့် အပြင်သို့ ခုန်ကျော်ခဲ့သည်။ ထို့နောက် သူမအားပြန်မိသွားမည်စိုး၍ လမ္းတေလျှာက်ပြေးလာခဲ့သည်။ လမ်းမကြီးအတိုင်းမပြေးဘဲ ဝါးရုံတောဘက်မှပြေးလာခဲ့ခြင်းဖြစ်သည်။

သို့သော် မထင်မှတ်ဘဲ မျက်နှာ၌ ပုဝါဖြင့်အုပ်ထားသော မိန္းမလွေလးတစ်ယောက်အားဝင်တိုက်မိခဲ့သည်။ သူမနှင့်တိုက်မိသည့်အရှိန်ကြောင့်အုပ်ထားသည့်ပုဝါစမှာ မျက်နှာမှပြုတ်သွားခဲ့သည်။ ပုဝါစအောက်မှ ချစ်စဖွယ်မျက်နှာလေးနှင့်အတူ လှဲကျတော့မည့် သူမအား ခါးေအာက်မှတစ်ဆင့် ပွေ့ဖက်ရင်း အကြည့်ချင်းဆုံစေသည်။ သူမနှင့်တွေမိချိန်တိုင်း ခုန်နေဆဲဖြစ်သည့် နှလုံးသားလေးသည် သခင်ကို အသိအမှတ်ပြုနေသလိုပင်။

အပြန်အလှန် အကြည့်ချင်းဆုံနေကွသညျ့ သခင်မလေးနှင့် ကျိုးသခင်မလေးတို့အား ချာချာ ပြုံစိစိဖြင့်ကြည့်နေမိသည်။

အကြည့်ချင်းဆုံနေရာမှတစ်ဆင့် အကြည်သူ၏ နှုတ်ခမ်းလေးအား ဦးတည်လိုက်သည်။ ဟန်အာ၏ ပန်းဆီရောင်နှုတ်ခမ်းဖူးဖူးလေးသည် ဖုန်းယဲ့အား လာပါ လာပါ ဟု ဖိတ်ခေါ်နေသယောင် ဆွဲဆောင်လှသည်။ ခါးမှဖက်ထားသည့်အနေအထားနှင့်ပင် ချိုမြမြနှုတ်ခမ်းလေးအား စွဲမက်စွာ နမ်းလိုက်သည်။

ဘေးပတ်ဝန်းကျင်တို့အား မေ့ကာ ချစ်ရသူစတင်လာသည့် အနမ်းလေးအား မျက်စိမှိတ်ကာ ခံယူရင်း တုံ့ပြန်လိုက်သည်။

မျက်စိအရှေ့မှ ချိုမြိန်ဖွယ်မြင်ကွင်းအား ကျောက်ရုပ်ပမာ ရပ်ကြည့်နေသည်မှာ ချာချာပင်။ မျက်လုံးအားလက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားပုံလုပ်ထားသော်လည်း လက်ချောင်းများအကြားမှ ခိုးကြည့်နေခဲ့သည်။
ချာချာရှိနေသည်ကိုမေ့နေဟန်ပေါ်သို့ သခင်မလေးတို့အား အလိုက်သိစွာပင် အသံမထွက်ဘဲ ပြုံးကာကြည့်နေခဲ့သည်။

(AN/Fa ချာချာလေးက သာသာပါ ဒါဒါလေးတွေလဲ Fa ဘဲမလား)

အချိန်အတော်ကြာသည်အထိ အနမ်းအား လွမ်းမိုးလျက် ကြည်နူးချိုမြိန်နေသညျ။ အသက်ရှုကြပ်လာဟန်တူသည့် ချစ်ရသူမှ ဖုန်းယဲ့ ရင်ဘတ်အား အသာအယာတွန်းလာခဲ့သည်။ ထိုမှသာ နှုတ်ခမ်းခြင်းကွာစေလျက် အနမ်းအားရပ်တန့်လိုက်သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Kde žijí příběhy. Začni objevovat