Part (25)♥{ Unicode } (လီရှောင်ချန်း + ဖူချင်းဟန်)

131 12 0
                                    

စည်ကားသိုက်မြိုက်လှသည့် ရှန်ဟိုင်းမြို့ထက် လီအိမ်တော်၏ ပိုင်ဆိုင်မှုများသည် အလွန်ကြီးမားသည် ။ ရှန်ဟိုင်းမြို့၏ အချမ်းသာဆုံးစာရင်းဝင်သည့် အိမ်တော်ဖြစ်သည့်အပြင် စီးပွားရေးတွင်လည်း ယှဉ်နိုင်သည့် ကုမ္ပဏီမရှိသေးပေ။ စီးပွားရေး ထိပ်တန်း နှင့် ငွေရေးကြေးရေးလည်း ထိပ္ဆုံးမွာ ရှိနေသည့် လီအိမ်တော်နှင့် အလုပ်တွဲလုပ်ရန် စီးပွားရေးရှင် အမြောက်အမြားမျှော်လင့်နေကြ၏။

လီအိမ်တော်၏ ဆက်ခံသူ လီရှောင်ချန်း သည် ငယ်ရွယ်သော်လည်း စီးပွားရေးလောကအား ချုပ်ကိုင်ထားနိုင်သည်။ မြင့်မားသောအရပ် ရဲရင့်သော မျက်နှာထား ချောမောသောမျက်နှာဖြင့် မြင်သူတိုင်းနှစ်ခါပြန်လှည့်ကြည့်မိသော သူမအား ချွေးမတော်ချင်သည့် လုပ်ငန်းရှင်များစွာရှိသော်လည်း သူမ၏ အရှိန်အဝါကြောင့် မည်သူမျှ မပြောရဲကြပေ။

ရှောင်ချန်းသည် အသက်၂၆ နှစ်သာရှိသေးသော်လည်း ထက်မြက်သည်။ သူမထက် လုပ်ငန်းသက်တမ်းရင့်နေသူများဖြင့်လည်း အပြိုင်လုပ်နိုင်သည်။ သူမသည် အချိန်တိုင်းလိုလိုပင် အလုပ်လုပ်သည်။ သူမ အမုန်းဆုံးအရာသည် သူမအချိန်အား အလဟသ ဖြုန်းတီးခြင်းပင်။ သူမ၏ ကြိုးစားမှုကြောင့် လီအိမ်တော်၏ စီးပွားရေးသည် မည်သူမှလိုက်မမှီနိုင်အောင် တိုးတက်လွန်းသည်။

လီအိမ်တော်၏ ပိုင်ဆိုင်မှုနီးတူ ဖူအိမ်တော်၏ ပိုင်ဆိုင်မှုသည်လည်း များပြားသည်။ ဖူအိမ်တော်၏ ဖူသခင်ကြီးသည် စီးပွားရေးတွင်အောင်မြင်သည့် လုပ်ငန်းရှင်များထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ လီအိမ်တော်၏ စီးပွားရေးလောက်မအောင်မြင်သော်လည်း ဖူအိမ်တော်၏ အောင်မြင်မှုသည် မနဲပေ။ စီးပွားရေးလောကတွင် လီအိမ်တော်နှင့် ဖူအိမ်တော်သည် ဒိတ်ဒိတ်ကျဲအောင်မြင်နေသော အိမ်တော်နှစ်ခုဖြစ်သည်။

ဖူအိမ်တော်၏ သခင်မလေးဖြစ်သူ ဖူချင်းဟန် သည် အိမ်တော်၏စီးပွားရေးအား စိတ်မဝင်စားပေ။ သူမ ဝါသနာပါသည့် ပန်းချီဆွဲခြင်းအပြင် ဒီဇိုင်နာ သင်တန်းများ တတ်ရောက်နေသည်။ ချင်းဟန်သည် နူးညံ့ပြီး သိမ်မွေ့သည်။ မနိမ့်မမြင့်အနေအထားနှင့် ဖြူဖွေးကြည်လင်သောအသားအရေ ၊ ချစ်စဖွယ်အမူအရာနှင့် သူမ၏အပြုံးသည် မြင်သူအားအေးချမ်းစေသည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Donde viven las historias. Descúbrelo ahora