Part (24)♥{ Unicode}

135 10 5
                                    

ဖုန်းယဲ့...... "ဟန်အာ ကိုယ့်ဇနီးလေးရေ "

ဟန်ချင်း....... "ရှင် ဖုန်းယဲ့ "

ဖုန်းယဲ့......" အိမ်မှာဂရုစိုက်နော် ကိုယ်ပြန်လာတဲ့အထိအိမ်မှာဘဲနေ ဘယ်မှလျှောက်မသွားနဲ့နော် "

လမ်းပျောက်တတ်သည့် ဟန်ချင်း အား အပြင်သို့မထွက်ရန်သာ မှာတမ်းခြွေရသည်။

ဟန်ချင်း......"ဖုန်းယဲ့ သဘောအတိုင်းပါဘဲရှင် "

ဖုန်းယဲ့သည် ထိုရွာငယ်လေးတွင် သီးနှံစိုက်ကာ ရရှိလာသော အသီးအနှံများအား ရောင်းချ၍ ငွေရှာသည်။ ဖုန်းယဲ့သည် ဟန်ချင်းအားအပြင်သို့ထွက်ကာအလုပ်လုပ်ခွင့် မပြုပေ။ ထို့ကြောင့် ဖုန်းယဲ့ မရှိချိန်တွင် အိမ်၌ပင် ပန်းထိုးကာ အဝတ်အထည်များ ချုပ်လုပ်နေသည်။ သူမ၏ ပန်းထိုးအတတ်သည် ကျွမ်းကျင်သောကြောင့် သူမပြုလုပ်ထားသော အထည်များသည် ဈေးကောင်းရသည်။

မချမ်းသာသော်လည်း ပျော်ရွှင်ရသည်။ ဖုန်းယဲ့၏ အသီးအနှံများရောင်းရသည့်ငွေနှင့် ဟန်ချင်း၏ အထည်များရောင်းရသောငွေသည် စားဖို့နေဖို့လောက်သည့်အပြင်အနဲငယ်တောင် စုမိသေးသည်။

လအနဲငယ်ကြာပြီဖြစ်၍ သူမတို့အား ရှာဖွေဦးမည်ဟုမထင်တော့ပေ။ ထို့ကြောင့်စိတ်အေးလက်အေးပင်နေခဲ့ကြသည်။ ပျော်ရွှင်နေသော အသိုက်အမြုံလေးအား ဖျက်စီးရန်အတွက် စစ်သည်အချို့နှင့်အတူ ဇီယုရောက်လာခဲ့သည်။ မထင်မှတ်ထားသည့်အတွက် ဖုန်းယဲ့နှင့် ဟန်ချင်းတို့အတွက် ထိပ်လန့်ရသည်။

အိမ်ပတ်လည်အား စစ်သည်များဖြင့်ဝန်းရံထားသောကြောင့်မလွတ်တော့မှန်းသိသည်။ သို်သော် အရှုံးမပေးတတ်သည့်စိတ်နှင့်အတူဖုန်းယဲ့သည် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။

ဖုန်းယဲ့...... "ဟန်အာ ဘာသံဘဲ ကြားကြား ဘာဘဲဖြစ်ဖြစ် အိမ်အောက်ကိုဆင်းမလာပါနဲ့ ကိုယ်မနိုင်တော့ဘူးထင်ရင် ထွက်ပြေးပါ အဖမ်းမခံနဲ့ "

ဟန်ချင်း......"ဟန်အာ ထွက်မပြေးဘူးဖုန်းယဲ့ ဘာပဲဖြစ်လာဖြစ်လာ ဖုန်းယဲ့နဲ့အတူရင်ဆိုင်မယ် "

ဟန်ချင်းသည် ဖုန်းယဲ့ အလိုက် အိမ်ထဲတွင်ပုန်းနေခဲ့သည်။ ဖုန်းယဲ့သည် အိမ်အောက်သို့တည်ငြိမ်စွာဖြင့် ဆင်းလာခဲ့သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Hikayelerin yaşadığı yer. Şimdi keşfedin