Part (16)♥{ Unicode }

93 6 0
                                    

     နေမင်းကြီးအိပ်ယာမှနိုးထလာချိန် နံနက်ခင်းဆည်းဆာ၌ ကျေးငှက်သာရကာတို့၏ ပျော်မြူးသံနှင့်အတူ ပိုင်အိမ်တော်အတွင်း၌ မင်္ဂလာရှိသည့်အသုံးအဆောင်များဖြင်အလှဆင်ထားသည်။ မင်္ဂလာပွဲကျင်းပချိန် မရောက်မီ ပြင်ဆင်ခြယ်သပေးရန် သတို့သမီးရှိရာအခန်းသို့ ချာချာဦးဆောင်၍ အစေအပါးများဖြင့် လာခဲ့ကြသည်။ မင်္ဂလာ ဝတ္စုံမွာမူ အိမ်ရှေ့စံ၏ ကြင်ယာတော်ဟူသည့် ဘွဲ့ထူးနှင့်အညီ လှပတင့်တယ်ပေသည်။ ကြင်ယာတော်ဟူသော ဘွဲ့ရာထူးကို လိုချင်တပ်မက်သော မိန်းမလှများစွာရှိနေသော်လည်း အိမ်ရှေ့စံမှာမူ ပိုင်အိမ်တော်မှ မိန်းမလှလေးအားရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရာထူး အာဏာအားတပ်မက်သည့် မိန်းမလှများထဲတွင် ဟန်ချင်းမပါဝင်ပေ။

ချာချာ ......." သခင်မလေး သခင်မလေး အိပ်ယာထချိန်ရောက်ပါပြီ "

    တံခါးအားအဆက်မပြတ်ခေါက်နေသော်လည်း ပြန်လည်ဖြေကြားသည့် သူမရှိသောကြောင့် ခ်ာခ်ာ အခန်းအတွင်းသို့ဝင်လာခဲ့သည်။ အိပ်ယာထက်တွင် မရှိသောသခင်မလေးအား အခန်းထဲတွင် လိုက်လံရှာဖွေသော်လည်း မတွေ့ရပေ။ ခ်ာခ်ာ ထိပ်လန့်သွားပြီး အိမ်တော်အတွင်းရှိ အဆောင်များအားလုံးကို လိုက်ရှာစေသည်။ သခင်ကြီး နဲ့ သခင်မအား သခင်မလေးပျောက်နေကြောင်းအကြားကြားလိုက်သည်။ အပြင်ထွက်လေ့မရှိသည့်သခင်မလေးက မင်္ဂလာပွဲနီးချိန်မှာ ဘယ်ကိုပျောက်သွားခဲ့မှန်းမသိပေ။

  ပိုင်အိမ်တော်အတွင်း ဆူညံ့ပွက်လောရိုက်ကာ ပျောက်ဆုံးနေသော သတို့သမီးအား စိတ္ပူစြာ လိုက်လံရှာဖွေနေသောလည်း မြို့အပြင်ရှိ ရွာငယ်လေး၌ ပျော်ရွှင်ကြည်နူးနေသော မိန်းမငယ်လေးနှစ်ဦးမှာ ပူပင်ခြင်းအတိ ကင်းမဲ့နေသည်။

     လွန်ခဲ့သည့်ည ညလယ်အချိန်တွင် ဖုန်းယဲ့ အိမ်မက်ထဲတွင်ဝေဝါးနေသော ပုံရိပ်နှစ်ခုအား မြင်တွေ့ရသည်။ မိန်းမငယ်လေးနှစ်ဦးသည် အချင်းချင်း မေတ္တာမျှနေကြကာ အခ်စ္များမျှဝေနေကြသည်။ ပြုံးရွှင်သောမျက်နှာနှင့်အတူ တွေ့မြင်ရသူအား အပျော်ပင်ကူးစက်စေသည်။ ဖုန်းယဲ့ ထိုမိန်းမငယ်နှစ်ဦးအား အနီးသို့ကပ်ကာ ကြည့်လိုက်ချိန်တွင် အလင်းတစ်ခုပေါ်လာကာ သူမ မေ့မျောနေရာမှ သတိရလာသည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Donde viven las historias. Descúbrelo ahora