Part (5) ♥{ Zawgyi }

83 7 0
                                    

ဖုန်းယဲ့တစ်ယောက် ရွှင်လန်းမှုမရှိဘဲ ပျင်းရိစွာပင် လမ်းလျှောက်လာခဲ့သည့်သူမ အရှေ့မှ စိမ်းလန်းပြီး သာယာဖွယ်ရှိသည့် ဝါးရုံတောလေးအား မြင်မိလိုက်သည်။ စိတ်အပန်းဖြေရန်အတွက် ထို ဝါးရုံတောလေးဆီသို့ ဦးတည်ကာ လျှောက်လာခဲ့သည်။

လေပြေလေညင်းများ ညင်သာစွာတိုက်ခတ်ပီး တေးသံကျူးနေသည့်ငှက်ကလေးများနှင့်အတူ သာယာဖွယ်အတိရှိသည့် ဤနေရာလေးအား ဖုန်းယဲ့နှစ်ချြုက်မိသည်။ ချစ်ရသူ ဟန်ချင်းအား ဤနေရာသို့တစ်နေ့ကျ ခေါ်လာရန်ပင် စိတ်ကူးမိသေးသည်။ သူမအတွေးနှင့်သူမ ပျော်နေမိကာ သူမပြုံးလိုက်သည်။

လမ်းလျှောက်လာရခြင်းကြောင့် အနဲငယ်မောပန်းလာသော်လည်း ရောက်ရှလာသည့်နေရာကြောင့် ပင်ပန်းခဲ့သမျှ လွင့်ပြယ်ကာ စိတ်ကိုလန်းဆန်းစေသည်မှာအမှန်ပင်။ သူမ ရက်အတော်ကြာမေ့နေခဲ့သည့် အပြုံးကို ယခုအခါမှသာ ဆင်မြန်းနိုင်ခဲ့သည်။

ပျော်ရွှင်နေသည့် သူမ သခင်မလေး အားကြည့်ကာ ဘေးမှ ပို၍ ပင်ပျော်ရွှင်နေသူမှာ ချာချာ ဖြစ်သည်။ သခင်မလေး ပြုံးနေသောကြောင့် သူမပင်ထပ်တူပြုံးမိသည်။
ဝါးရုံတောလေးတွင် သူမတို့နှစ်ယောက်နှင့်အတူ တခြားသူတစ်ယောက်ရှိသည်ကို သတိထားမိသည့် ချာချာက ပြောပြလာသည်။

ချာချာ ပြသည့်နေရာအား ကြည့်မိလိုက်ချိန်တွင် ရင်ထဲမှ လိုက်ဖိုမှုနှင့်အတူ ပျော်ရွှင်နေသည်မှာ ပြောမပြတတ်အောင်ပင်။ သူမ စိတ်လှုပ်ရှားနေမှာအားထိန်းကာ ထိုသူအနားသို့ချည်းကပ်သွားသည်။ ထိုသူက သူမအားမမြင်သေးသည်မို့ သူမအရင်နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။

ခန္ဓာကိုယ်အား အနဲငယ်ကိုင်းညွှတ်ကာ အရိုအသေပြုသည့်ဟန်ဖြင့် အလှဆုံးအပြုံး ပန်ဆင်လိုက်သည်။

"ဖုန်းယဲ့ မိန်းကလေး ကျွန်မတို့နောက်တစ်ခါ ထပ်တွေ့ပြန်ပြီနော်"

အနားသို့ချဉ်းကပ်လာကာ ချိုမြိန်သာအသံဖြင့် နှုတ်ဆက်သာ သူမအားလှည့်ကြည့်မိချိန်တွင် တလောကလုံးအားမေ့သွားသလိုပင် ။ သူမ မျှော်နေသည့်သူက သူမအနားသို့ ရောက်လာခဲ့သည်။ သူမအလွန်ပင် ဝမ်းသာပျော်ရွှင်နေသည်မှာ သူမအပြုံးထဲတွင် မြင်တွေ့နိုင်သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Tempat cerita menjadi hidup. Temukan sekarang