Part (6) ♥{ Zawgyi}

71 7 2
                                    

သူမတို့နှစ်ယောက်၏ အချစ်ရေးသည် ကံကောင်းခြင်းပေလား သို့မဟုတ် မိုးနတ်မင်းက မျက်နှာသာပေးခြင်း ပေလား ။ တစ်ယောက်အိမ်သို့ တစ်ယောက် ဆူးမရွိ ဓားမရွိ ဝင်ထွက်နိုင်သည့် အခြေနေထိ တိုးတက်လာသည်။ ပူပင်မှုမရှိ အဆုံးအဆမဲ့ပျော်ရွှင်နေကြသည် ။ သူတို့ရင်ထဲမှ လျို့ဝှက်ချက်များကိုတော့ မည်သူမှ မရိပ်မိကြချေ။

သူမ၏သခင်မလေး တစ်မူထူးခြားစွာ နေ့စဉ် ပြုံးပျော်နေခြင်းကြောင့် သူမပါ အလိုလိုပျေိာ်မိလာသည်။ ချာချာအတွက်တော့ သခင်မလေးပျော်ရွှင်ဖို့သာ အရေးအကြီးဆုံးမို့ ဖုန်းယဲ့ကိုသာ အထပ်ထပ်ကျေးဇူးတင်နေမိသည်။ ညှိုးမိုင်ပြီး စိတ်နှင့်လူနှင့်မကပ်စွာ နေနေတတ်သည့် သူမသခင်မလေးဟာ ယခုတော့ သွက်လက်ပြီး အမြဲ ပျော်ရွှင်နေသည်။

ပိုင်အိမ်တော်တွင် အချိန်အတော်ကြာထိ တိတ်ဆိတ်နေခဲ့သော်လည်း ယခုမွာ မိန်းမပျိုလေး နှစ်ယောက်၏ ရီမော ပျော်ရွှင်သံများဖြင့် ကြည်နူးဖွယ်အပြည့် ဖြစ်နေသည်။ စိတ်ချယုံကြည်ရတဲ့ ဖုန်းယဲ့နှင့်အတူ ဟန်ချင်းအား အပြင်သွားခြင်းကို ခွင့်ပြုထားသည်။ သူမတို့နှစ်ယောက် အိမ်တော်အပြင်သို့ အချိန်မရွေး သွားလာနိုင်သည်။ ဟန်ချင်းကို ကာကွယ်ပေးနိုင်သည့် ဖုန်းယဲ့ ကြောင့် ဟန်ချင်းမိဘများ စိတ္ခ်စြာ သွားလာစေသည်။

သူ၏ သူငယ်ချင်း မရှိသော ညီမငယ်လေးသည် ယခုအခါ သူငယ်ချင်း အသစ်ရခဲ့လေပြီ ။ သူမတို့ပျော်ရွှင်နေကြသလို သူမ၏အကို ဇီယုသည်လည်း ထပ်တူပျော်ရွှင်နေသည်။ ငယ်စဉ်ထဲက အကိုနှင့်အတူသာ ကြီးပြင်းလာပြီး ယောကျာ်းလေးကဲ့သို့ပင် ဓားရေး လေးအတတ် စသည့်ပညာကိုသာ လေ့လာသင်ယူပြီး သူငယ်ချင်းဟူသည် တစ်ဦးမှ ပင်မရှိ ။ မိန်းကလေးဆန်ဆန် မနေတတ်သည့် ညီမေလးအား သူငယ်ချင်း ရစေချင်သည်မှာ ကြာပြီဖြစ်သည်။ မိန်းကလေးနှင့် အပ်စပ်သော ပညာရပ္မ်ားအား စိတ်မဝင်စားသော သူမအား တခြားမိန်းကလေးများ နည်းတူ မိန်းကလေး ဆန်စေချင်သည်။

သူမတို့၏ ပြန်လည်စုံတွေ့သည့်နေရာ ဝါးတောလေးဆီသို့ ရံဖန်ရံခါ သွားလည်ကြသည်။ ဟန်ချင်းအနားသို့ ချဉ်းကပ်လာသော ယောက်ျားသားများရန်မှ ဖုန်းယဲ့ကာကွယ်ပေးသည်။ ဖုန်းယဲ့ ဟန်ချင်းအနားရှိနေချိန်တွင် မည်သူမှ ဟန်ချင်းအနားကပ်ကာ နှောင့်ယှက်ခြင်းမပြုရဲပေ။

(ဟန်အာ မင်းအနားမှာ ဖုန်းယဲ့ ကလြဲ ပြီး ဘယ်သူမွရွိမေနေစရဘူး မင်းကို အမြဲကာကွယ်ပေးမယ်)

ဟန်ချင်းအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်ကာ စိတ်ထဲတွင် ပြောနေမိသည်။ သူမ စိတ်ထဲမှ ခံစားချက်များအား ဖွင့်ပြောချင်သော်လည်း ဟန်ချင်းနှင့် သူငယ်ချင်းပင်ဖြစ်ခွင့်မရတော့မည်ကိုဆိုးကာ ဖွင့်ပြောရန် မဝံ့ရဲပေ။

လမင်းကြီးကို တိတ်တဆိတ်လေးခိုးချစ်နေရတဲ့ ကြယ်စင်လေးလို အနားမှာနေရင်း တိတ်တဆိတ်သာ ခိုးပြီးချစ်နေတော့မည်။ ဖွင့်ပြောလိုက်မှ ဝေးသွားမည်ကိုတွေးကာ စိတ်ပူနေမိသည်။ သူမအား ပိုင်ဆိုင်ချင်ကြောင်း ၊ ပွေ့ဖက်ချင် ကြောင်း၊ ချစ်ကြောင်းတွေပြောပြချင်ပေမဲ့ လက်ရှိအခွင့်အရေးလေးပင် ဆုံးရှုံးသွားမည်ကို ကြောက်နေသောကြောင့် ရင်ထဲရှိစကားများအားမြိုသိပ်ထားရသည်။ သူမ ဟန်ချင်းနှင့်တွေ့တိုင်း သူမ၏ ခံစားချက်အား ထိန်းထားရသည်မှာ ခက်ခဲလွန်းလှသည်။ ဟန်ချင်းသည် ကလေးတယောက်ကဲ့သို့ ပြုံးပျော် နေသည်အား  မြင်ရလျှင် သူမလဲ မပြုံးဘဲ မနေနိုင်လောက်အောင်ပင်။

ချစ်ရသူ၏ကာကွယ်ပေးမှုကိုရရှိသည်မှာ ဟန်ချင်းအတွက် အပျော်ရွှင်ရဆုံးပင်။ သူမသွားတဲ့နေရာတိုင်း လိုက်ပြီး ကာကွယ်ပေးတတ်သည့် ဖုန်းယဲ့ ကြောင့် သူမပိုပျော်ရွှင်ရသည်။ နေ့ရက်တိုင်း အပျော်တွေနှင့် နိုးထကာ အပျော်နှင့်ပင် ညအိပ်စက်ရသည်။ ကြည်နူးစရာ အမှတ်တရများစွာဖြင့် နေ့ရက်တိုင်းပျော်ရွှင်ရသည်။ မသိစိတ်ထဲတွင် ဖုန်းယဲ့အားပိုင်ဆိုင်ချင်မိသည်။ ဖွင့်ပြောချင်မိသည်။ ဒါပေမဲ့ သူမသည်မိန်းကလေးဖြစ်နေ၍ ဖွင့်ပြောလိုက်မှ ဝေးသွားမည်ကိုကြောက်နေသည်။

(ဟန်ချင်းကို အခုလိုဘဲ အမြဲ ကာကွယ်ပေးနိုင်မလား ဖုန်းယဲ့  ဖုန်းယဲ့သာ အနားမှာရှိရင် ဟန်ချင်းအရမ်းပျော်တယ် )

အချင်းချင်းသဘောကျနေပေမဲ့ ဖွင့်မပြောနိုင်သည့်သူတို့နှစ်ယောက် ဒီအခြေနေလေးအတိုင်းသာ ရှေ့ဆက်သွားရန် စဉ်းစားထားမိကြသည်။

တစ်ယောက်ပျော်လျှင် နောက်တစ်ယောက်မှာ အလိုလို ကျေနပ်နေမိသည် ။ သူတို့ကြားမှ ပတ်သက်ဆက်နွယ်နေသောအချစ်အား မည်သူကမှ မရိပ္မိသလို သူတို့ကိုယ်တိုင်လဲ ဖွင့်ပြောရန် ဆန္ဒမရှိပေ။ မပိုင်ဆိုင်ရလျှင်လဲ ငေးကြည့်ရုံနှင့်ပင် ကျေနပ်နေကြသည်။

ဆုံးရှုံးရတော့မည့် အခြေနေမရောက်ခင်ထိ သူတို့အချင်းချင်း ဖွင့်ပြောဖို့ရန် မကြိုးစားခဲ့ချေ။ အေးဆေးသာယာနေသည့် သူမတို့နှစ်ယောက်အကြား မုန်တိုင်းတိုင်ခတ်လာမည်ကို မည်သူက သတိထားမိမည်နည်း။

The Destiny Of Love {အချစ် ကံကြမ္မာ}Unde poveștirile trăiesc. Descoperă acum