Part(29) ♥{Unicode }

91 9 0
                                    

ရေမိုးချိုးပြီး ချင်းဟန်အတွက် ယူလာပေးသည့် ဂါဝန်လေးအား ဝတ်လိုက်သည် ။ မပြင်တာကြာနေသည့် မိတ်ကပ်အား ရိုးရှင်းစွာပင်ပြင်လိုက်သည်။ ချယ်ရီရောင်နှုတ်ခမ်းနီလေးသည် ချင်းဟန်နှုတ်ခမ်းထက်တွင်ပို၍ တင့်တယ်နေသည်။ လှသည်ထက် ပို၍ ချစ်စရာကောင်းသည်။ ကလေးတစ်ယောက်သဖွယ် မြတ်နိုးစရာအပြည့်ဖြင့်ပင်။

ဆေးရုံမှ ရှန်ဟိုင်းမြို့၏ နာမည်ကြီး စားသောက်ဆိုင်လေးသို့ ကားဖြင့်တရွေ့ရွေ့ မောင်းနှင်လာသည်။ ရာသီဥတုသည်မအေးသော်လည်း ညနေခင်းဖြစ်၍ လေစိမ်းများအနဲငယ်တိုက်ခတ်နေသည်။ နေကောင်းခါစဖြစ်သည့် ချင်းဟန်အား ဂါဝန် ထက်မှ ရှောင်ချန်း၏ ကုတ်အကျီအား လွမ်းခြုံပေးထားသည်။ မည်သူကိုမှ ဂရုမစိုက်တတ်သည့် ရှောင်းချန်းသည် ချင်းဟန်အား ဂရုစိုက်မိနေသည်။

ရှောင်ချန်း ကားဖြင့်တိုက်မိထား၍ တာဝန်ရှိသည့်စိတ်နှင့်လား တစ္သက္လုံး မပေါ်ပေါက်ခဲ့ဖူးသည့် အချစ်စိတ်ကြောင့်များလား ဆိုသည်ကို ရှောင်ချန်းကိုယ်တိုင်ပင် ဝေခွဲမရ။ ရှောင်ချန်းသည် အမှတ်မထင်တွေ့ဆုံမိသည့် ချင်းဟန်အပေါ် အထူးတလည်ဂရုစိုက်နေခဲ့၏။ ချင်းဟန်စိတ်အလိုမကျဖြစ်မည်ကိုစိုးရိမ်နေမိသည်။

စားသောက်ဆိုင်ရှိ စားပွဲထက်တွင် ချင်းဟန် စားချင်သမျှ အကုန်မှာလိုက်သည်။ ဆေးရုံတွင် လူမမာစာများသာစားနေရသည့်သူမအတွက် ယခုတော့ နိဗ္ဗာန်လိုပင်။ ချင်းဟန်၏ အပြုအမူသည် လိုချင်တာရသည့်ကလေးတစ်ယောက်သဖွယ် ပျော်ရွှင်လျက်ပင်။ စားပွဲဝိုင်းအပြည့် စားစရာမ်ားအား တစ်ခုပြီးတစ်ခု အဆက်မပြတ်စားနေသည်။ အရှေ့တွင် ထိုင်နေသည့် ရှောင်ချန်းအားမေ့လုဆဲဆဲပင်။

တစ်ခုပြီးတစ်ခုစားကာ ကလေးသဖွယ်ပျော်ရွှင်နေသည့် ချင်းဟန်အား ကြည့်ကာ ရှောင်ချန်းပြုံးနေသည်။ အရသာရွိစြာ စားနေသည့် ကောင်မလေးသည် သူမအား မေ့လျော့နေသည့်ပုံပင်။ အဆက်မပြတ်စားပြီး၍ ဗိုက်ဝသွားဟန်တူသည့် ချင်းဟန်သည် အခုမှသူမရှိနေသည်ကိုသတိရသွားသည့်ပုံဖြင့် ရီပြလာသည်။

ရှောင်းချန်း......" စားကောင်းလား "

ချင်းဟန်......"စားကောင်းတယ် မစားရတာကြာနေပြီ နေ့တိုင်း ဆေးရုံက လူမမာစာတွေဘဲစားနေရတာ "

The Destiny Of Love {အချစ် ကံကြမ္မာ}Where stories live. Discover now