Part (34) ♥ {Unicode}

32 4 0
                                    

သူမ ကြောက်ရွံမှုများနှင့်အတူ သတိရလာခဲ့သည်။ သူမ ချင်းဟန်အား မကာကွယ်ပေးနိုင်မှာ ကြောက်သည်။ ယခင်ဘဝကဲ့သို့ ချင်းဟန်အား ထပ်အဆုံးအရှုံးမခံနိုင်ပါ။ သူမ နိုးလာ လာခြင်း ချင်းဟန်ရှိရာအခန်းသို့ သွားကာ သတိမရသေးသော ချင်းဟန်အား ဘေးမှစောင့်ကြည့်နေသည်။ အခြေအနေသည် စိတ်ချရပြီဖြစ်သော်လည်း သတိမရလာသေး၍ သူမစိတ်ပူနေသေးသည်။

အတိတ်အား ပြန်မှတ်မိနိုင်ခြင်းသည် အတိတ်ကဲ့သို့ အမှားမျိုးထပ်မလုပ်မိရန် သူမအား အထပ်ထပ်သတိပေးနေသလိုပင်။ အတိတ်တွင် မကာကွယ်နိုင်ခဲ့သော ချစ်သူအား ယခုတွင်တော့ ထိခိုက်မှုမရှိစေရန် အကောင်းဆုံး ကာကွယ်ပေးချင်သည်။ ချင်းဟန် သတိမရမချင်း သူမဘေးတွင် စောင့်နေခဲ့သည်။

"ချင်းဟန် ကိုယ်မင်းကို တစ်ခါ ဆုံးရှုံးခဲ့ရပြီးပြီ အခုတော့ ဘယ်လိုနည်းနဲ့မှ ကိုယ်ဆုံးရှုံးမခံတော့ဘူး

အတိတ်ကို သတိရသည်ဖြစ်စေ သတိမရသည်ဖြစ်စေ အရေးမကြီးဘူး အရေးကြီးတာက ကိုယ့်အနားမှာ မင်း ရှိနေပေးဖို့ဘဲ "

ချင်းဟန်၏ လက်အားကိုင်ကာ လက်ဖမိုးထံသို့ အနမ်းခပ်ဖွဖွပေးလိုက်သည်။ လက်အား မျက်နှာထက်တွင်အပ်ကာ ငိုကြွေးခြင်းမမည်သော မျက်ရည်များစီးကျနေသည်။

"ချင်းဟန် နိုးလာပါတော့..
ကိုယ် မင်းကို အရမ်းလွမ်းနေပြီ "

ရက်သတ္တပတ်ကြာသည်အထိ ချင်းဟန် သတိရမလာသေးပေ။ စိုးရိမ်စရာအခြေအနေမဟုတ်သော်ငြား သတိမရသည့် ရက်ကြာလာသဖြင့် သူမအား ရှောင်ချန်းစိတ်ပူနေရသည်။ အတိတ်မှ အဖြစ်အပျက်များအား ပြန်လည်သတိရပြီးနောက်တွင် ‌ချင်းဟန်အပေါ် ပို၍ ချစ်မြတ်နိုးမိလာသည်။

ယခင်ဘဝမှ ဆုံးရှုံးခဲ့ရသော ချစ်သူအား ယခုဘဝတွင် ထပ်မံ မဆုံးရှုံးချင်ပါ။ ဆုံးရှုံးမခံနိုင်။ မည်သည့်နည်းလမ်းဖြင့်မဆို သူမချစ်သူအား ကယ်တင်ပေးမည်။ သူမအသက်ထပ်ပို‌၍ပင် ချင်းဟန်အား ချစ်မြတ်နိုးပါသည်။ သူမ မျက်စိရှေ့တွင် အတိတ်က တစ်ကြိမ်တစ်ခါ ထွက်ခွာသွားသည်အား မြင်ရရုံဖြင့် နှလုံးသားတို့ အစိတ်စိတ်အမွှာမွှာ ကြေကွဲရသည်။ နောက်တစ်ကြိမ် အလားတူအဖြစ်မျိုး မဖြစ်စေလိုပါ။

The Destiny Of Love {အချစ် ကံကြမ္မာ}Donde viven las historias. Descúbrelo ahora