Part (14)♥{ Unicode }

86 9 0
                                    

       သူမ ရက်အတော်ကြာမပြုံးဖြစ်ခဲ့သော အလှဆုံးအပြုံး ပန်ဆင်ထားကာ စိတ်လှုပ်ရှားနေခဲ့သည်။ သမားတော် စမ်းသပ်မှု၏အဆုံးမှာ ဟန်ချင်း ဝမ်းသာစရာနှင့် ဝမ်းနည်းစရာ ရောထွေးနေခဲ့သည်။ ဖုန်းယဲ့ သတိရလာသည်မှာ သူမအတွက် ပျော်ရွှင်စရာဖြစ်ကာ အချိန်ကြာမြင့်စွာ မေ့နေမှုနှင့် ပြင်းထန်သော အဖျားကြောင့် ဖုန်းယဲ့ အတိတ်မေ့သွားခဲ့သည်။

      ​ြပင်းထန်သော ခေါင်းကိုက်မှုနှင့်အတူ သူမတစ်စုံတစ္ခုအား စဉ်းစားနေပုံပေါ်သည်။ သူမအိပ်ပျော်နေစဉ်မှာ ငိုရှိုက်သံကြားရ၍ သူမလိုက်ရှာခဲ့သည်။ လှပသည့် မိန်းကလေးတစ်ယောက် ငိုနေခဲ့သည်။ ထိုမိန်းမငယ်လေးအား နှစ်သိမ့်ပေးရန် ထိလိုက်ချိန်တွင် သူမ သတိပြန်ရလာခဲ့သည်။ အိမ်မက်ထဲမှ ငိုကြွေးနေသည့် မိန်းမငယ်လေး၏ မျက်နှာအား သူမဘယ်လိုပင်စဉ်းစားပါစေ မမှတ်မိချေ။ အရာအားလုံးကို ပြတ်သားစွာမှတ်မိနေသော်လည်း ထိုမိန်းကလေး၏ မျက်နှာအား မမှတ်မိနိုင်။

       ဟန်ချင်းဝမ်းနည်းစိတ်များအား မြိုသိပ်ကာ ဖုန်းယဲ့ သတိရလာရုံဖြင့်ပင် သူမပျော်နေသည်။ ဖုန်းယဲ့ သတိရေနသ၍ သူမအား မှတ်မိရန် ကြိုးစားခွင့်ရှိသည်။ သူမအား ဖုန်းယဲ့ မမှတ်မိသော်လည်း တစိမ်းဆန်စွာ မဆက်ဆံပေ။ သူမနေ့စဉ် ဖုန်းယဲ့ဆီလာခဲ့သည်။ ဖုန်းယဲ့ အတော်သက်သာလာကာ သူမနှင့်အတူ ပို၍အနေနီးလာသည်။ဖုန်းယဲ့သတိရချိန်ထဲက မြင်တွေ့လိုက်ရသော မိန်းမလှလေး သူမအား စိုးစိမျှမမှတ်မိသော်လည်း ဖုန်းယဲ့ စိတ်ထဲ တစိမ်းဆန်စွာ မခံစားရေပ။ ခ်ာခ်ာ၏ ပြောပြချက်မရ သူမနှင့်သူက သူငယ်ချင်းတဲ့ အတော်ပင်ခင်မင်းရင်းနှီးခဲ့သည်တဲ့။ ထိုနည်းတူစွာ သူမအား ပိုမိုရင်းနှီးစွာဆက်ဆံခဲ့သည်။

        တခါတေလ ထိုမိန်းကလေးထံမှ ဟန်အာ ဟူ၍ သူမနာမည်အား နာမ္စား အသုံးပြုလေ့ရှိသည်။ မမှတ်မိသော်လည်း ထိုနာမ္စားလေးအား သူမ ရင်းနှီးနေသည်မှာအမှန်ပင်။ မိမိသိထားသည်မှာ ဟန်ချင်းသည် အိမ်ရှေ့စံ မိဖုရားလောင်းဖြစ်သည်။ သူမအားကူညီပေးခဲ့ဖူးချိန်မှစ၍ သူငယ်ချင်း အဖြစ် ခင်မင်လာခဲ့သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Donde viven las historias. Descúbrelo ahora