Part (2) ♥{Unicode }

265 25 0
                                    

သူမသည် ကျိုးအိမ်တော်၏သခင်မလေး ကျိုးဖုန်းယဲ့ပါ။ လွတ်လွတ်လပ်လပ်နေတတ်ပြီး မိန်းကလေးမဆန်သည့် မိန်းကလေးတစ်ယောက်ပင်။ အငယ်ဆုံးသမီးဖြစ်သည့်အပြင် အဆိုးဆုံးလည်းဖြစ်၏။ အကိုတွေနှင့် နေရသည်များ​ေသာကြောင့် အကို​တွေသင်​​ပေးသည့် ဓားရေးအား  အနဲငယ်လေ့ကျင့်ထားသေးသည်။ အဖေသည် သဘောမတူချင်သော်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ဆိုသည့် အကြောင်းပြချက်ကြောင့်အလျော့ပေးကာ လက်ခံလိုက်ရသည်။

ဒီနေ့ အကိုကြီး၏ ခိုင်းစေချက်အရ ဈေးထဲအား ရောက်လာခဲ့သည်။ ထောင့်တစ်နေရာလေးမှာ ငြိမ်သက်စွာ ရပ်နေသည့် နတ်သမီးလေးအလား ထင်မှတ်ရလောက်အောင် လှသည့် ကောင်မလေးတစ်ယောက်အားတွေ့ခဲ့သည်။ ထိုမိန်းက​​လေးအား ​သူမ အဝေးမှ အကြာကြီးငေးကြည့်နေမိသည်။ထိုမိန်းကလေးသည်တော့ တစ်ခုခုအားပူပန်နေသည့်ပုံစံပေါ်နေသည့်အတွက် သူမအား မမြင်နိုင်ခဲ့ပေ။

ထိုမိန်းကလေး၏ အလှကြောင့် အကိုကြီးခိုင်းထားသည့် အလုပ်အား မေ့သွားခဲ့သည်။ ထိုမိန်းမလှလေး အနားချဉ်းကပ်ရန် အနားသို့တိုးလာသော်လည်း သူမအား သတိထားမိပုံမပေါ်ပေ ။အတွေးထဲ၌ နစ်မြောနေသည့်ပုံပင်။ ထိုမိန်းကလေးနဘေးသို့ တဖြည်းဖြည်း တိုးကပ်သွားချိန်တွင် လူတစ်စုကြောင့် ထိုမိန်းကလေးအား တိုက်မိသွားခဲ့ကာ သူမလဲကျသွားသည် ။ ထိုအချိန်မှသာ အေတြးမှ ထွက်လာသည်ထင်သည်။သူမအား မော့ကြည့်လာသည်။ သူမအားမော့ကြည့်ကာ မတ်တပ်ထရပ်လိုက်ချိန်တွင် လဲကျထားသည့်အရှိန်ကြောင့် ခြေချင်းဝတ်လည်နေဟန်တူသည်။ နောက်တစ်ကြိမ် ထပ်၍ လဲကျမလိုဖြစ်သွာတယ်။

ကံကြမ္မာက မျက်နှာသာပေးခြင်းပေလား သူမ၏ ရင်တွင်း ဆုတောင်းအား နတ်ဘုရားများကြားသွားလေလားမသိ။ သူမအတွက် အခွင့်အရေးရလာသည်။
လမ်းမလျှောက်နိုင်သော ထိုမိန်းကလေးအား သူမ ပွေ့ချီလိုက်သည်။ မြန်ဆန်နေသည့် ရင်ဘတ်အတွင်းမှ နှလုံးခုန်နှုန်းအား လျစ်လျုရှုကာ ဟန်မပြတ်ပုံမှန်အတိုင်းနေလျက် ထိုမိန်းကလေးအား မေးလိုက်တော့ လမ်းပျောက်နေသည်တဲ့.....

စကားပြောနူးညံ့ပြီး လှပလွန်းသည့် မိန်းမငယ်လေးတစ်ယောက်အား ဒီမွာ ဒုက္ခရောက်နေတာ မကြည့်ရက်​ေပ။ စိတ်ပူမိသည်ဟုဆိုလျှင်ပိုမှန်မည်။ ထိုကြောင့် ထိုမိန်းကလေး၏ အိမ်တော်သို့ လိုက်ပို့ခဲ့သည်။ 

The Destiny Of Love {အချစ် ကံကြမ္မာ}Donde viven las historias. Descúbrelo ahora