Part (13) ♥{ Zawgyi }

44 3 1
                                    

       သူမနောက်မှ ထပ်ကြပ်မကွာ ပြေးလိုက်လာသည့် သူမအကို ဇီယုမွာ အေးစက်နေသည့် သူ၏ ညီမ ခန္ဓာကိုယ်အား ပွေ့ချီကာ အိမ်တော်သို့ အလျင်အမြန်ပြန်ခဲ့ရသည်။ စိတ်နှင့်ကိုယ်နှင့်မကပ်စွာ လမ်းမှာ လဲကျနေသည့် သူမညီမအား အိမ်သို့ပြန်ခေါ်လာပြီးနောက် မေ့နေသည်မှာ ၃ရက်ပင်ရှိနေသောကြောင့် တစ်ချိန်လုံးစိတ်ပူခဲ့ရသည်။ သူ့ညီမက ပိုင်အိမ်တော်မှသခင်မလေးအား အဲ့လောက်တောင် သဘောကျသည်လား။  ကျန်းမာရေးပင်ဂရုမစိုက်ကာ မိုးရေထဲပြေးထွက်၍ မေ့လဲကျသည်အထိဖြစ်ခဲ့ရသည်။ မေ့မျောနေသည့်အချိန်အတွင်းလည်း" ဟန်အာ " ဟူ၍ အော်ခေါ်တတ်သည်။

      သတိရလာသည့် အချိန် ချက်ချင်းပင် မပီသသည့်စကားလုံးများ ပြောကာ တားနေသည့်ကြားမှပင် အပြင်သို့ ပြေးထွက်သွားသည့် ညီမလေးကြောင့် အနောက်မှ ပြေးလိုက်ခဲ့ရပြန်သည်။ မိုးသည်းနေသော်လည်း အပြေးမရပ်ကာ ဆက်လက် ပြေးနေသော ညီမေလးအား မျက်ခြေမပြတ်စေရန် ထပ်ကြပ်မကွာ ပြေးလိုက်ခဲ့သည်။ ဖုန်းယဲ့ ဦးတည်ပြီးသွားနေသည့်နေရာမှာ ပိုင်အိမ်တော်ပင်ဖြစ်သည်။ သူညီမ နာကျင်ရသလို သူကိုယ်တိုင်လည်းနာကျင်ရသည်။

      ပြေးနေသည်မှ ရုတ်တရက်လဲကျသွားသည့် ဖုန်းယဲ့ကြောင့် အလွန်အမင်း စိတ္ပူကာ အလျင်မြန်ပွေ့ချီလျက် အိမ်သို့အပြေးပြန်ခဲ့သည်။ မိုးရေများကြောင့်အေးစက်နေသည့် သူမအားကြည့်ကာ စိတ်မကောင်းခြင်းများစွာဖြင့် ကြည့်နေရုံမှလွဲ၍ သူဘာမှမတက်နိုင်ခဲ့။ သူလုပ်ခဲ့သည်အား မှားနေသည်လားဟုပင် ကိုယ့်ကိုကိုယ် မေးခွန်းထုပ်နေခဲ့သည်။

    သတိမေ့ကာ သူပြောသမျှ မကြားနိုင်သည့် ညီမျဖစ်သူအား နေ့စဉ်နှင့်အမျှစောင့်ရှောက်ကာ အနားတွင် စကားထိုင်ပြောနေခဲ့သည်။ သူမသတိမေ့နေသည်မှာ တစ်ပတ်ခန့် ပိုစြာ ကြာမြင့်နေပြီဖြစ်သည်။

         ပိုင်အိမ်တော်တစ်ခုလုံး ပျော်ရွှင်စွာ မင်္ဂလာပွဲအတွက် စိတ်လှုပ်ရှားနေသော်လည်း တစ်စုံတစ်ဦးမှာ သောကစိတ်ကြောင့် မပျော်နိုင်ပေ။ သူမ ဖုန်းယဲ့ကိုစိတ်ပူနေသည်မှာ အမှန်ပင်။ သူမ ညတိုင်းလဲအိပ်မပျော် အိပ်ပျော်တိုင်းလဲ အိမ္မက်ဆိုးသာ မက်ခဲ့ရသည့်သူမအဖို့ အိမ်ရန်ပင်ကြောက်နေခဲ့သည်။ အစားလဲမဝင် အိပ်လဲမပျော်သည့်အတွက် သူမအနဲငယ်ပင်ပိန်သွားသလိုပင်။

The Destiny Of Love {အချစ် ကံကြမ္မာ}Hikayelerin yaşadığı yer. Şimdi keşfedin