Part (33)♥ { Unicode}

143 7 1
                                    

"ရပ်လိုက်စမ်း "

အမိန့်ပေးသံပီပီ သြဇာညောင်းလှသော အသံဖြင့် မီးရောင်များအကြား ဖြတ်လျောက်လာသူအား မြင်လိုက်ရချိန် ချင်းဟန် အားတတ်သွားသည်။ သူမထံသို့ တည့်တည့်လျောက်လာကာ စူးရှသောအကြည့်များဖြင့် အေးစက်နေသောအရှိန်အဝါတို့ ထုတ်လွတ်လျက် သူမဘေးမှလူစိမ်းများအား တုန်လှုပ်သွားစေသည်။

သူမအနားသို့ရောက်ချိန်တွင် တင်းကြပ်စွာချည်နှောင်ထားခြင်းခံရသော ကြိုးများကြောင့် ပွန်းပဲ့နေသော ဒဏ်ရာတချို့အား ဝမ်းနည်းစွာကြည့်နေသည်။ ထို့နောက် ချည်ထားသောကြိုးများအားဖြေလျော့စေကာ ဘေးနားတွင် အနားယူခိုင်းနေသည်။

"ချင်းဟန် နာနေသေးလား "

"အဆင်ပြေပါတယ် ရှောင်ချန်း ချင်းဟန် ဘာမွမျဖစ္ဘူး "

စိုးရိမ်တကြီးဖြင့်မေးနေသော ရှောင်ချန်အား သူမအပြုံးလေးဖြင့်ပင် ပြန်ဖြေလိုက်သည်။

"ကိုယ်အမှားပါ ကိုယ္တခါထဲ ချင်းဟန်ကို စောငျ့ခဲ့ရမှာ "

"ချင်းဟန် အခုဘာမွ မွ မျဖစ္တာ အပစ်တင်မနေပါနဲ့"

"ကိုယ့်ကိုခနစောင့်နော် "

သူမပြန်ပြောမည့် စကားကိုပင်မစောင့်ဘဲ လူအုပ်ကြားထဲပြေးသွားသည်။ အင်အားမမျှတသည်အား ဂရုမစိုက်ဘဲ ရုန်းရင်းဆန်ခတ် ချနေကြသော မြင်ကွင်းအား သူမစိတ္ပူစြာ ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။ ရှောင်ချန်းသည် ကိုယ်ခံပညာသင်ထားဖူးသည်အားသိသော်လည်း အများနှင့်တစ်ယောက် ဖြစ်နေ၍ ရှုံးရန် အားသာနေသည်။

ချင်းဟန်ပျောက်သွားသည့်အချိန်မှစ၍ သူမစိတ်ထဲတွင် စိတ်ပူနေသည်မှလွဲ၍ များများစားစားမစဉ်းစားနိုင်ပေ။ ချင်းဟန်အား ဆုံးရှုံးရမည်ကိုသာ သူမစိုးရိမ်နေသည်။ ချင်းဟန်မရှိပါက သူမရှင်သန်နိုင်မည်မဟုတ်ပေ။ ရှာတွေ့တွေ့ချင်း အမြန်လိုက်လာသော်လည်း ချင်းဟန်အားနှောင့်ယှက်နေကြသော မြင်ကွင်းကြောင့် ဒေါသအား ထိန်းနိုင်ခဲ့ခြင်းမရှိပေ။

သို့သော် ကြိုးများဖြည့်ချည်နှောင်ထားခြင်းခံရကာ နာကျင်နေပုံပေါ်သည့် ချင်းဟန်အား မြင်တွေ့ရ၍ စိတ်မကောင်း ဖြစ်မိသလို သူမကိုယ္သူမ အပစ်တင်မိသည်။ သူမ တန္ဖိုးထားရေသာလူသားအား နာကျင်အောင် လုပ်ရက်သော ထိုလူမ်ားအား အမှုန့်ကြိတ်ချင်လောက်အောင်ပင် သူမမုန်းတီးသည်။ ဘေးတစ်နေရာတွင် ချင်းဟန်အား အနားယူစေလိုက်ကာ သူမသည် အင်အားမမျှသော လူအုပ်ကြားထဲပြေးဝင်လိုက်သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Tahanan ng mga kuwento. Tumuklas ngayon