Part(23)♥{ Unicode}

89 7 0
                                    

တစ်ပတ်ဆိုသည့်အချိန် မကြာမီပင်ပြည့်ခဲ့သည်။ ဖုန်းယဲ့နှင့်သဘောတူထားသည့်အတိုင်း ခ်ာခ်ာအား ဖုန်းယဲ့ထံသို့လွတ်လိုက်သည်။ အကြောင်းအရာမှာ မင်္ဂလာပွဲကျင်းပတော့မည့် ဖုန်းယဲ့အား ဟန်ချင်းကိုယ်စား ဂုဏ်ပြုလက်ဆောင်လာရောက်ပေးခြင်းဖြစ်သည်။ ခ်ာခ်ာ နန်းတော်သို့အပြန်တွင် ဟန်ချင်းအတွက်စာတစ်စောင်နှင့်အတူ ပြင်ဆင်စရာများအား ကြိုတင်ပြင်ဆင်ရန် မှာကြားလိုက်သည်။

ကျိုးအိမ်တော်တွင် မင်္ဂလာပွဲကျင်းပရန်ပြင်ဆင်နေ၍ အလုပ်ကိုယ်စီရှုပ်နေကြသည်။ ထို့ကြောင့် ဖုန်းယဲ့ အပြင်သို့ခိုးထွက်သွားသည်အား မည်သူမှမရိပ်မိပေ။ ဖုန်းယဲ့သည် အခန်းတံခါးအား ပိတ္ထားကာ ပြတင်းပေါက်မှ ခိုးဆင်း၍ ပြတင်းပေါက်အားလည်း ပြန်လည်ပိတ်ထားခဲ့သည်။ ထို့ကြောင့် ဖုန်းယဲ့ အခန်းထဲတွင်သာရှိသည်ဟု ထင်မှတ်ခဲ့ကြသည်။

ဝါးရုံတောလေးအတွင်းတစ်နေရာတွင် လက်ဝတ်ရတနာအနဲငယ်နှင့်အတူ ယောက်ျားတစ်ယောက်ကဲ့သို့ ရုပ်ဖျက်ထားသော ဖုန်းယဲ့စောင့်နေခဲ့သည်။ မကြာမီပင် အစေခံအယောင်ဆောင်ထားသော ဟန်ချင်းသည် ချိန်းထားသည့်နေရာသို့ရောက်လညခဲ့သည်။

ချာချာအားအပစ်မှလွတ်ကင်းစေရန်အတွက် မနက်မိုးမလင်းခင်အချိန်၌ပင် ပိုင်အိမ်တော်သို့စေလွတ်ကာ ဟန်ချင်းကြိုက်တတ်သောမုန့်လုပ်နည်းများအား သင်ရမည်ဟူသော ခိုင်းစေချက်နှင့်အတူ လွတ်ထားသည်။ ထို့ကြောင့် ဟန်ချင်းပျောက်သွားသည့်ကိစ္စတွင် ချာချာအပစ်ကင်းမည်ဖြစ်သည်။

ဟန်ချင်းနှင့် ဖုန်းယဲ့သည် ချစ်ရသူလက်အား အသီးသီး ကိုင်စွဲကာ အဆုံးအစမရှိသည့် နယ်မြေသို့ခရီးထွက်လာကြသည်။ သူမတို့နေထိုင်ရာတိုင်းပြည်မှ ထွက်ကာတခြားတိုင်းပြည်တွင် အခြေချနေထိုင်ရန်ဆုံးဖြတ်ထားသည်။ ချစ်ရသူနှင့်အတူ ရှိသောကြောင့် ပင်ပန်းခြင်း အလျင်းမရှိဘဲ ပျော်ရွှင်နေကြသည်။ သူမတို့ နေ့ညမပြတ် ခရီးနှင်လာကြသည့်အဆုံးတွင် သူမတို့မျှော်လင့်ချက်အတိုင်း တစ်ခြားတိုင်းပြည်သို့ရောက်ရှိခဲ့ကာ လူသူနဲပါးသည့် ရွာငယ်လေးတွင် အခြေချခဲ့သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Onde histórias criam vida. Descubra agora