Part (3)♥ { Zawgyi }

128 8 2
                                    

ဟန်ချင်းတစ်ယောက် ဒဏ်ရာရနေသည့်ခြေထောက်အားဆေးထည့်ကာ လေသာပြတင်းပေါက်ရှေ့ထိုင်၍ အတွေးထဲမျှောနေသည်။

ချစ်စရာကောင်းပီး ရဲစွမ်းသတ္တိရှိသည့် သူမအား စိတ်ထဲမှမမေ့နိုင်ဖြစ်ကာ သူမနှင့်တွေ့ဆုံခဲ့သည့်အကြောင်းအား ထိုင်ကာ တွေးတောရင်း အကြောင်းမဲ့ ပြုံးနေမိသည်။

ပြုံးလိုက်တိုင်းပေါ်လာတတ်သည့်ပါးချိုင့်လေး ဆံပင်အားလုံးစုစည်းပြီး မြောက်မြောက်လေးစီးထားကာ ယုံကြည်မှုအပြည့်နှင့်သူမ။ နွေးထွေးသည့်သူမရင်ခွင်ထဲမှာ ပွေ့ချီခံရမှုတွေက မမေ့နိုင်စရာအဖြစ်အပျက်တစ်ခု။ သူမရဲ့ ကိုယ်သင်းရနံ့လေးအား ရှူရှိုက်ရင်း ရင်ခုန်ခဲ့ရသောထိုအခိုက်အတန့် ။ တွေ့ဆုံချိန်ခနလေးပေမဲ့ သူမအား ခ်စ္မိခဲ့ ပြီ။

အိမ်ပြန်ရောက်ချိန်ထဲက တစ်ယောက်ထဲ ပြုံးလိုက် မျက်နှာများနီကာ ရှက်သွေးဖြာလိုက် ရီလိုက်ဖြင့် အလုပ်ရှုပ်နေသော သခင်မလေအားကြည့်ကာ ခ်ာခ်ာ အံ့သြနေမိသည်။ ပုံမှန်အချိန်တွင် တည်ငြိမ်ပြီး ပန်းချီဆွဲ စာဖတ်လေ့ရှိသည့် သခင်မလေးက ယခုအခါ တည်ငြိမ်မှုမရှိဘဲ ဖြစ်နေသည်မှာချာချာအတွက်အထူးအဆန်းပင်။

ငယ်စဉ်ကတည်းက သခင်မလေးအနား ခစားလာသည်မှာ နှစ်တွေကြာညောင်းနေပြီ ။ သခင်မလေး အပြင်မှာတခုခုဖစ်ခဲ့သည်မှာ သေချာပါသည် ။ မေးချင်သော်လည်း သခင်မလေးအား မေးချင်သည့်စိတ်အား လျစ်လျူရှုကာ ဒဏ်ရာရထားသော ခြေထောက်ကိုသာ ပို၍ ဂရုစိုက်လိုက်သည်။

ပြန်ရောက်ချိန်ထဲမှ ယခင်နေ့များထပ် ပိုပြီး တက်ကြွပျော်ရွှင်နေသည့် ဖုန်းယဲ့ အား အကိုဖြစ်သူမှ မယုံသင်္ကာအကြည့်ဖြင့်ကြည့်လာသည်။ အငယ်ဆုံး သမီးဖြစ်သည်မို့ အလိုလိုက်ခံထားရကာ အမြဲ အနိုင်ကျင့်ဗိုလ်ကျတတ်သည့် ဖုန်းယဲ့သည် ဒီနေ့ အထူးသဘောကောင်းကာ ပျော်ရွှင်နေသည်။

့သူမ၏စွဲဆောင်မှုကြောင့် လာရင်းကိစ္စကိုပင်မေ့သွားလောက်အောင် ဖြစ်ခဲ့ရသည့်အတွက် ဖုန်းယဲ့ ကိုယ့်ကိုကိုယ် ရီချင်မိသည်။ သူမရဲ့လှပမှုအောက်မှာ နစ်မြောခဲ့သည်။ သူမ၏အကြည့်အောက်မှာ ခံနိုင်ရည်ကုန်ခမ်းကာ သူမအား ရင်ခွင်ထဲ ထည့်ဖက်ထားချင်မိသည်။

သူမက ဖုန်းယဲ့ ၏ အရာရာကို ငြို့ငင်ဖမ်းစားနိုင်ခဲ့သည်။ ဖုန်းယဲ့ အဖို့ စိတ္ကို အတတ်နိုင်ဆုံး ထိန်းထားခဲ့ရသည်။ သူမအချစ်အားမဝံ့မရဲဖြင့် မျှော်လင့်ချင်သေးသည်။ အေတြးမ်ားစြာ ရောက်ယှက်ခတ်ကာ တညလုံး အိပ်မပျော်နိုင်လောက်အောင် သူမအား စိုးမိုးထားသည်။

နူးညံပြီး အချစ်နှင့်မထိတွေ့ဘူးသည့် ဟန်ချင်း အတွက်တော့ စိတ်လှုပ်ရှားရသည်မှာ အမှန်ပင်။ ညအိပ်ချိန်တွင် ဖုန်းယဲ့ ဆိုတဲ့ ကောင်မလေး အကြောင်းသာတွေ့ရင်း အိပ်မောကျခဲ့သည်။

ဟန်ချင်း အိမ်မက်ထဲသည့်ပင် ဖုန်းယဲ့ နှင့်တွေ့ဆုံခဲ့ပုံကို အိမ်မက် မက်ခဲ့သေးသည်။ မိမိ၏ အလွန်အမင်း စွဲလန်းမှုကြောင့်ပေလားမသိသျောလညျး အိမ်မက်ထဲတွင် ဖုန်းယဲ့နှင့်တွေ့ဆုံရသည်မှာ အလွန် လက်တွေ့ဆန်လွန်းလှသည်။

<<<အိမ်မက်တွင် >>>

ဟန်ချင်းသည် မြစ်တစ်စင်း၏ နဘေးတွင်ထိုင်နေချိန် ယောက်ျားလေးအသွင်ဝတ်ဆင်ထားသည့် ဖုန်းယဲ့သည် သူမအနား တဖြေးဖြေးလြောကျလာခဲ့သညျ။ အသွင်အပြင်ပြောင်းထားသည့် ဖုန်းယဲ့အား သူမ မှတ်မိနေပါသည်။

ဖုန်းယဲ့...... "မိန်းကလေး မင်းရဲ့ခြေထောက်က သက်သာရဲ့လား "

ကြည်လင်ပြီး ပြတ်သားသည့် သူမအသံထွက်ပေါ်လာခဲ့သည်။

ဟန်ချင်း ထိုင်နေရာမှထကာ ခြေထောက်အားကိုင်းညွှတ်အရိုအသေပြုဟန် ပြုလုပ်လိုက်သည်။

ဟန်ချင်း.... ..." သက်သာပါပြီ ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ် "

ချိုသာပြီး နူးညံ့စွာဖြင့် သူမပြောလိုက်သည်။

ဖုန်းယဲ့...... "ကျေးဇူးတင်စရာမလိုပါဘူး မိန်းကလေး "

ဟန်ချင်း သူမအား ပြုံး၍သာ ကြည့်နေမိသည်။

ဟန်ချင်း......."ကျွန်မကို ကူညီပေးခဲ့တဲ့ ကျေးဇူးရှင်ရဲ့ နာမည်လေး သိလို့ရမလား"

ဖုန်းယဲ့....... "ကိုယ့် ကိုကိုယ် မိတ်ဆက်ဖို့မေ့သွားခဲ့တယ် ကျိုးဖုန်းယဲ့ပါ ဖုန်းယဲ့ လို့ဘဲခေါ်နိုင်ပါတယ် "

(ကောင်မလေး မင်းရဲ့အလှက ကိုယ့်ကိုအရာရာကိုမေ့သွားစေတယ်)

ဖုန်းယဲ့ တဲ့ သူမနာမည်ကို သိနေပြီးသားဖြစ်ပေမဲ့ သူမနှုတ်မှ ကိုယ်တိုင်ပြောသည်ကိုကြားချင်မိ၍ တောင်းဆိုခဲ့မိခြင်းသာ

ဟန်ချင်း......"ကျွန်မက ပိုင်ဟန်ချင်း ပါ "

ဖုန်းယဲ့ ပါးခ်ိဳင့္ေလးပေါ်သွားအောင်အထိ ပြုံးလိုက်သည်။
သူမ၏နာမည်အား နှလုံးသားအတွင်းမှာ တံဆိတ်ရိုက်နှပ်ထားလိုက်ပြီးပြီ။

The Destiny Of Love {အချစ် ကံကြမ္မာ}Où les histoires vivent. Découvrez maintenant