Part (31)♥{ Unicode}

54 5 0
                                    


ရုံးတတ်ရမည်ဖြစ်၍ ချင်းဟန် အိပ်ချင်နေသည့်စိတ်အား ဆန့်ကျင်ကာ အိပ်ယာမှထလိုက်သည်။ မျက်လုံးဖွင့်ပြီးချိန်တွင် မီးဖိုချောင်ထက်မှ မွှေးကြိုင်နေသည့် ရနံ့သည် ချင်းဟန်အား ဆွဲဆောင်နေသည်။ ေဘးတွင်အိပ်နေသည့် ရှောင်ချန်းမရှိတော့သောကြောင့် သူမစားရန် ချက်ပြုတ်နေမှန်းသိလိုက်သည်။ ထို့နောက် အိပ်ယာမှထကာ ရှောင်ချန်းရှိရာ မီးဖိုချောင်သို့ ဦးတည်လိုက်သည်။

"နိုးလာပြီလား ချင်းဟန် "

သူမတိတ်ဆိတ်စွာဖြင့် လမ်းလျှောက်ခဲ့သော်လည်း ရှောင်ချန်းသည် သူမ​ရောက်လာသည်အားသိသွားခဲ့သည်။

"နိုးပြီ လူကမထချင်ပေမဲ့ အစာအိမ်က မြူဆွယ်တာကိုမခံနိုင်တော့လို့ "

"အိပ်ချင်သေးရင် မနက်စာစားပြီးပြန်အိပ်လိုက်လေ "

"အိပ်လို့မဖြစ်ဘူး ရုံးသွားရဦးမယ် "

"တစ်ရက်တစ်လေ ခွင့်ယူပြီး နားချင်နားလိုက် "

"မဖြစ်ဘူး ကျန်းရှောင်က ပြန်လာတော့မှာ ပိုပြီးအလုပ်ကြိုးစားရမယ် ဒါမှ ကျန်းရှောင်ကို ကောင်းကောင်းထားနိုင်မှာ "

စားပွဲပေါ်တွင်ထိုင်နေရင်းဖြင့် တစ်စုံတစ်ခုအားတွေးလျက် သူမပြန်ဖြေခဲ့သည်။

"ချင်းဟန်က အစ်မကောင်းတစ်ယောက်ပါ ကျန်းရှောင်မှာ ချင်းဟန်လို အစ်မရှိတာ တကယ်ကံကောင်းတယ် "

ကျန်းရှောင်ပညာတော်သင်သွား​ေနသည့် တစ်လျှောက်လုံး ချင်းဟန်သည် အလုပ်ကြိုးစားကာ ရသမျှ ဝင်ငွေအား ကျန်းရှောင်အတွက်သာ သုံးခဲ့သည်။ ကျန်းရှောင် ကျောင်းတတ်ရန်အတွက် လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးခဲ့သည်အား သူမအသိဆုံးပင်။ အခင်ဆုံးသူငယ်ချင်းဖြစ်နေသော်လည်း သူမသည် ကျန်းရှောင်အတွက် မုန့်ဖိုးပင်ပေးခွင့်မရှိအောင် ချင်းဟန်တားထားခြင်းပင်ဖြစ်သည်။

လှပလွန်း​ေသာမနက်ခင်းလေးသည် သူငယ်ချင်းနှစ်ယောက်၏ အပြုံးများနှင့်အတူ ပြည့်စုံခဲ့သည်။ ရှောင်ချန်းပြင်ပေးသော မနက်စာအား စားပြီးနောက် ရုံးသို့အတူ လာကြသည်။ ချင်းဟန်သည် ကုမ္ပဏီ၏ အဓိက ဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Where stories live. Discover now