Part (26) ♥{ Unicode }

111 13 0
                                    

ကျန်းရှောင်သည် ပင်ပန်းလှသော အစ်မဖြစ်သူအား ကူညီရန်အတွက် တက္ကသိုလ်ဆက်မတတ်ရန်ဆုံးဖြတ်ထားသည်။ သို့သော် ချင်းဟန်သည် ကျန်းရှောင်အား အမြင့်ဆုံးတက္ကသိုလ်တတ်စေချင်သည်။

ချင်းဟန်......"ကျန်းရှောင် ပါးကိုယုံတယ်မလား "

ကျန်းရှောင်......."ယုံတယ် ကျဲ ပါးက မကောင်းတာလုပ်မှာမဟုတ်ဘူး "

ချင်းဟန်......"ပါးကိုယုံရင် ပါးပင်ပန်းခံပြီးကြိုးစားထားခဲ့ရတဲ့ စီးပွားရေး လုပ်ငန်းကိုပြန်ရယူ ဦးဆောင်နိုင်ပြီးတော့ ပါးရဲ့နာမည်ဆိုးကိုပြန်ရှင်းပေးနိုင်အောင် ကျန်းရှောင် ကြိုးစားရမယ် ကျဲက အနောက်ကနေဘဲ ပံ့ပိုးပေးနိုင်မှာ "

ကျန်းရှောင်......"ဒါပေမဲ့ "

ချင်းဟန်...... "ပါးထားခဲ့တဲ့အရာတွေကို အခုလို သူများ အလွယ်တကူရယူသွားတာကို ကျန်းရှောင် ကျေနပ်လား "

ကျန်းရှောင်...... "မကျေနပ်ဘူး ကျဲ "

ချင်းဟန်......"ကျန်းရှောင် ကျဲအတွက်မပူပါနဲ့ ကျဲမပင်ပန်းပါဘူး ကျန်းရှောင်သာ အမြင့်ဆုံးတက္ကသိုလ်တတ်နိုင်အောင်ကြိုးစားပါ "

ကျန်းရှောင်......"ဟုတ်ကဲ့ကျဲ ကျန်းရှောင်ကြိုးစားပါ့မယ် "

ချင်းဟန်.......ကျန်းရှောင်ကသာ ဖူအိမ်တော်ရဲ့မျှော်လင့်ချက်ပါ ဖူအိမ်တော်ကို ပြန်လည်ရယူပေးနိုင်တာ ကျန်းရှောင်ဘဲရှိတယ် "

ကျန်းရှောင်........ကျန်းရှောင် ပိုကြိုးစားပြီး ဖူအိမ်တော်ကိုအရင်လို ပြန်အောင်မြင်အောင်လုပ်မယ် "

ချင်းဟန်......."ကျဲမောင်လေးကို ပင်ပန်းစေမိပြီ"

ကျန်းရှောင်......ကျန်းရှောင်ပင်ပန်းမှာမကြောက်ဘူး ကျဲ ပင်ပန်းမှာဘဲကြောက်တာ "

ချင်းဟန်......သိတတ်လိုက်တဲ့ ကျန်းရှောင်လေး "

ကျန်းရှောင်အား ထွေးဖက်ထားလိုက်သည်။ ပါး ဆုံးပါးသွားသည့် အချိန်ကတည်းမှ ဖူမိသားစုတွင် ချင်းဟန်နှင့် ကျန်းရှောင်သာ ကျန်ရှိတော့သည်။

စီးပွားရေး လောကတွင် လီအိမ်တော်နှင့် တန်းတူ ဒိတ်ဒိတ်ကျဲအောင်မြင်နေသော ဖူအိမ်တော် ရုတ်တရက်စီးပွားပျက်ကာ ဒေဝါလီခံသွားသည်ကို ရှောင်ချန်းသိပေမဲ့ စီးပွားရေးလောက၏ လှည့်ကွက်တွေထဲမှတစ်ခုဖြစ်သည့်အတွက် စိတ်ထဲမထားပေ။ ဖူမိသားစု၏ ကျန်ရစ်သူ နှစ်ဦးအကြောင်းကြားသိရသော်လည်း သူတစ်ပါးအကြောင်းစိတ်ဝင်စားခြင်းမရှိသည့် အတွက် အရေးမလုပ်ခဲ့ပေ။

The Destiny Of Love {အချစ် ကံကြမ္မာ}Opowieści tętniące życiem. Odkryj je teraz