Part (1)♥ {Unicode }( ပိုင်ဟန်ချင်း+ ကျိုးဖုန်းယဲ့)

545 35 0
                                    

သူမသည် ပိုင်အိမ်တော်၏ တစ်ဦးတည်းသောသမီး ပိုင်ဟန်ချင်းဖြစ်သည်။ နေသာသော နေ့တစ်နေ့တွင် ကြည်လင်သော ကောင်းကင်ကြီးအောက်တွင် သူမတစ်ယောက်ထဲ လမ်းလျှောက်လာခဲ့သည်။အပြင်ထွက်တိုင်းလမ်းပျောက်တတ်၍ အပြင်သို့ တစ်ယောက်တည်း ထွက်လေ့မရှိသည့် သူမသည် အပေါင်းအဖော်အစေခံတွေ မပါ​သောကြောင့် အိမ်ပြန်ရန် လမ်းပျောက်ပြီးခက်ခဲနေပြန်သည်။ သူမတစ်ယောက်တည်း လမ်းမအလည်တွင် ယောင်လည်လည်ဖြင့် အားငယ်နေမိသည်။

"ငါချာချာကိုခေါ်လာခဲ့ရမှာ အခုတော့တစ်ယောက်ထဲ ဘယ်လိုအိမ်ပြန်ရမှာလဲ အဖေနဲ့အမေလဲစိတ်ပူနေတော့မယ် "

တစ်ယောက်ထဲသာ ငြီးတွားရင်း အတွေးထဲနစ်မြောနေခဲ့သည်မှာ တစ်စုံတစ်ယောက်နှင့် တိုက်မိပြီး လဲကျမသွားခင်အထိပင်။

ရုတ်တရက် လဲကျသွားသည့်အချိန်မှသာ သူမအတွေးထဲမှထွက်ကာ အသိစိတ်ပြန်ဝင်လာခဲ့​တော့သည်။ သူမအား တိုက်မိသည့် သူအား မော့ကြည့်လိုက်​သောအခါ သူမအား ငုံ့ကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်းနှင့် ချစ်စဖွယ် ငယ်ရွယ်သော ကောင်မလေးအား သူမ မငေးကြည့်ဘဲမနေနိုင်ခဲ့ပါ။

"မိန်းကလေး ဘာဖြစ်သွားသေးလဲ "

ချစ်စဖွယ် သာယာတဲ့အသံနဲ့အတူ စိတ်ပူစွာ မေးနေခဲ့သည်။

"ဘာမဖြစ်ပါဘူး ရပါတယ် "

ဘာမှမဖြစ်ဟုဆိုလိုက်သော်လည်း မတ်တပ်ရပ်လိုက်​သောအခါ ဆစ်ခနဲနာကျင်လာသော ခြေချင်းဝတ်သည် သူမ၏အပြောအားဆန့်ကျင်ကာ ပြန်လဲကျသွားရသည်။

"မိန်းကလေးခြေထောက်က ခြေချင်းဝတ်လည်သွားတယ်ထင်တယ် ဖုန်းယဲ့ ကူညီပေးပါရစေ "

မထင်မှတ်ဘဲ ပွေ့ချီခံလိုက်ရ​သောအခါ ထူးထူးဆန်းဆန်းခံစားချက်များဖြစ်ပေါ်လာသည်။ ငြင်းဆန်ချင်သော်လည်း ခန္ဓာကိုယ်သည် လိုက်မနာခဲ့။ သူမအား ပွေ့ချီထားသောမိန်းမလှလေးအား အချိန်အကြာကြီး သတိမထားမိစွာ ငေးကြည့်နေမိခဲ့သည်။ ထိုမိန်းကလေးအား အနီးကပ်ကြည့်မိချိန်တွင် ပိုပြီးစွဲမက်ဖွယ်ကောင်းသည်။

သူမအိမ်တော်ရှိ လူများမှ အပ တခြားသူများနှင့် ထိတွေ့ဆက်ဆံလေ့မရှိသော ဟန်ချင်းသည် ယခုကဲ့သို့သူစိမ်းတစ်ယောက်၏ လက်ထဲတွင် ပွေ့ချီခံရမည်ဟု တစ်ခါမှ မတွေးခဲ့မိဖူးပေ။

The Destiny Of Love {အချစ် ကံကြမ္မာ}Hikayelerin yaşadığı yer. Şimdi keşfedin