Part (28)♥{ Unicode}

83 10 0
                                    

နာရီသည်မနက် ၃နာရီသာရှိနေသေးသဖြင့် သူမပြန်အိပ်လိုက်သည်။ ဒီတစ်ခါတွင်တော့ အိမ်မက် မက်ခြင်းမရှိတော့။ ဤကဲ့သို့ထူးဆန်းသော အိမ်မက်မက်ခြင်းသည် ရှောင်ချန်း ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ အိမ်မက်မက်ပြီးခြိနျတှငျ နှလုံးသားသည် ထူးဆန်းစွာ နာကျင်နေသည်။ တစ္စုံတစ္ခုအား ဆုံးရှုံးလိုက်ရသည့် ခံစားချက်ပင်ဖြစ်သည်။

မနက်အိပ်ယာနိုးထချိန်တွင် ချင်းဟန် မသက်မသာခံစားနေရသည်။ ပြင်းထန်လာသော အဖျားကြောင့် တစ္ညလုံး ကောင်းမွန်စွာ မအိပ်ရပေ။ ညနက်နေ၍ သူနာပြုအားနိုးရမည်လည်း အားနာနေ၍ တစ်ယောက်ထဲသာ ကြိတ်ခံနေခဲ့သည်။ သူမ မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။ သူမ နိုးလာချိန်တွင် အဖျားတတ်နေ၍ ခန္ဓာကိုယ်တစ်ခုလုံး ပူခြစ်နေသည်။
သူမအား ဆရာဝန္လာ စမ်းသပ်ပေးကာ ဆေးသွင်းပေးထားသည်။ ဆေးသွင်းချိန်ကြာသောကြောင့် ချင်းဟန် အိပ်ပျော်နေသည်။

ရှောင်ချန်း အိပ်ယာမှ နိုးလာချိန်တွင် နေအတော်မြင့်နေပြီဖြစ်သည်။ အေထြထူးလုပ္စရာ အလုပ်မရှိသောကြောင့် ကုမ္ပဏီသို့မသွားဘဲ ဆေးရုံသို့ လာခဲ့လိုက်သည်။ လမ်းတွင် ချင်းဟန်အတွက် အသုံးဝင်မည့် ပစ္စည်းများ စားစရာမ်ား ဝယ်လာခဲ့လိုက်သည်။
ဆေးရုံတွင် ဆေးသှငျးရငျး အိပ်ပျော်နေသည့် ထိုကောင်မလေးနိုးသွားမည်စိုး၍ ဘေးနားတှငျထိုငျကာ အလုပ်ထိုင်လုပ်နေသည်။

ချင်းဟန် အဖျားကျသွားပြီဖြစ်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ အိမ်မက်ထဲတွင် သူမသည် တောက်ပပြီး လွပေသာ ရှေးဟောင်းအဝတ်အစားများဖြင့် အိမ်တော်၏ သခင်မလေးတစ်ယောက်ဖြစ်နေသည်။ သူမသည် နူးညံ့ပြီး ပန်းချီဆွဲခြင်းအတတ်အား တတ်မြောက်ထားသည်။ သူမဆွဲနေသည့် ပန်းချီကားသည် ယောက်ျားလေးကဲ့သို့် ဝတ်ဆင်ထားသည့် မိန်းမငယ်လေးတစ်ဦးပုံပင်။ ထူးဆန်းသည်မှာ သူမဆွဲနေသည့် ပန်းချီကားထဲမှ မိန်းကလေး၏ မျက်နှာအားသေချာမမြင်ရခြင်းပင်။

ချင်းဟန် အိပ်ယာနိုးလာသည့်အခါ ဆေးသွင်းထားသည့်အပ်အားဖြုတ်ထားပြီးကာ သူမဘေးတွင်အလုပ်လုပ်နေသည့် ရှောင်ချန်းအားတွေ့လိုက်ရသည်။ ရှောင်ချန်း၏ နဘေးမှမြင်ရသောမြင်ကွင်းသည် တစ်မျိုးကြည့်ကောင်းနေသည်။ သြဇာအာဏာအပြည့်ဖြင့် ရှောင်ချန်းမျက်နှာအား ချင်းဟန် စိုက်ကြည့်နေမိသည် ။

The Destiny Of Love {အချစ် ကံကြမ္မာ}Opowieści tętniące życiem. Odkryj je teraz