Part (9) ♥{ Zawgyi}

67 4 0
                                    

အိပ်ယာပေါ်ထက်မှ အတွေးများစွာဖြင့် ဖွင့်ပြောရန်နည်းလမ်းပေါင်းစုံ စဉ်းစားနေခဲ့သည်။ သူမ နည်းလမ်းများစွာ စဉ်းစားသော်လည်း တစ်ခုမှပင် အဆင်မပြေပေ။ စဉ်းစားနေသည်အားရပ်ကာ ရေချိုးရန် သာ ပြင်ဆင်ခဲ့သည်။ ခါတိုင်းဝတ်နေကျ ယောက်ျားဆန်သည့် ဝတ်စုံအစား မိန်းကလေး ဝတ်စုံ ဆံပင်အား မြောက်၍စည်းနှောင်ခြင်းအစား မိန်းကလေးဆန်စွာ စည်းနှောင်လိုက်သည်။ ဆံနွယ် ထက်သို့ လှပသည့်ဆံထိုး တစ်စုံ ဆင်မြန်းလိုက်သည်။

သူမ အဆောင်ထဲမှ ထွက်လာချိန် အံ့သြမှင်သက်စွာ ကြည့်နေကြသော အိမ်မှ အစေခံများ သူမ မိန်းကလေးပုံစံမဝတ်သည်မှာ ကြာနေပီဖြစ်သည်။
ချီးမွမ်းသံ တစ်ခွန်းတစ်စကြားမှာ သူမအနေခက်နေခဲ့သည်။ သူမအား ချီးမွမ်းသံများကြားမှ အံ့သြစွာကြည့်နေသော သူမ၏အကို ကြောင့် သူမပို၍ပင်အနေခက်လာသည်။

ဖုန်းယဲ့......"အကို စိုက်ကြည့်မနေနဲ့လေ ဖုန်းယဲ့ မနေတတ်တော့ဘူး "

ဇီယု......"ငါ့ညီမလေး လူတောင်မှားတယ် ဒီလိုကျတော့လဲ လှနေတာဘဲ "

ဖုန်းယဲ့...... "ညီမလေးက ဘယ်တုန်းက မလှလို့လဲ "

ဇီယု...... "ညီမလေးက အလှဆုံးပါ အမြဲ လှတယ်"

ဖုန်းယဲ့.... "ဟီး ညီမလေးအပြင်သွားစရာရှိသေးလို့ သွားပီ အကို "

ပါးချိုင့်လေးပေါ်အောင် ပြုံးပြပြီး အိမ်တော်မှ ပြေးထွက်သွားသော ညီမလေးအားကြည့်ကာ အလိုလို ပြုံးမိနေသည်။ အပြုံးအရယ် သိပ်မရှိသည့် သူက သူ့ညီမလေးကြောင့် ရီနေခဲ့သည်။ ငယ်စဉ်ထဲက ညီမလေးအလိုကျ သူအလိုလိုက် ပေးခဲ့သည်။ ဖုန်းယဲ့ ပျော်နေသည်ကိုသာ သူမြင်ချင်၍ ဖုန်းယဲ့လိုသမျှ ဖြည့်ဆည်းပေးခဲ့သည်။

အိမ်မှ ရင်ခုန်စွာ ထွက်လာခဲ့ပြီး သူမဝတ်လေ့မရှိသည့် မိန်းမဆန်ဆန်ပုံစံလေးနှင့် နူးညံ့စွာ သူမ လျောက်လာခဲ့သည်။ တရွေ့ရွေ့ဖြင့် ရင်ခုန် စိတ်လှုပ်ရှားစွာ လြောကျလာရငျး ပိုင်အိမ်တော်၏ အိမ်ရှေ့သို့ ရောက်လာခဲ့သည်။ နေ့တိုင်းအမြဲလိုလို လာနေကြဆိုပေမဲ့ သူမ ယနေ့တွင်အနဲငယ် ရှက်သလို ခံစားနေရသည်။ သူမ အိမ်တော်အတွင်းသို့တိုက်ရိုက်ဝင်ရန် အနဲငယ်ရှက်သဖြင့် အိမ်တော်အပြင်တွင်သာစောင့်နေကာ ဟန်ချင်း အားခေါ်ပေးရန် ပြောခဲ့သည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Donde viven las historias. Descúbrelo ahora