Pt.2❄

3.3K 333 43
                                    

မိုးသည်းထန်စွာရွာနေပြီး လျှပ်စီးတွေလက်ပြီး မိုးလည်းချုန်းနေတယ်။ မိုးအေးအေးလေးနဲ့ မိုးရေသံတွေလည်းကြားနေရတယ်။ ဒီလိုညမျိုးကို ကင်မ်ဆော့ဂျင်ကတော့ သဘောကျတယ်။ ပိုပြီးအိပ်လို့ကောင်းတယ်လို့ ခံစားရတယ်။

"ဒေါက်~ ဒေါက်"

တံခါးခေါက်သံကြားလိုက်တော့ အိပ်ယာပေါ်ကနေပြန်ထလာကာ တံခါးဖွင့်ပေးလိုက်တော့ ဟိုကပ်ပါးကောင်...

"ဂျင်ဂျင်Hyung~ သားတယောက်ထဲမအိပ်ရဲဘူး ကြောက်လို့~"

"မင်းဘာသာမင်းကြောက်တာလေ.. ငါ့အခန်းကိုမလာနဲ့ အိပ်ရေးပျက်တယ်.. ကိုကိုဂျွန်းဆီကိုသွား.."

"အကိုနမ်ဂျွန်းက~ ဒုန်း!!! မရှိဘူး~"

ဂျောင်ဂုစကားကိုဆုံးအောင်ပင် နားမထောင်ပဲ ဂျင်တံခါးကိုပိတ်လိုက်တယ်။ ဒါပေမဲ့လည်း အိပ်ယာထဲလူးလိမ့်နေပြီး အိပ်မပျော်ပေ။ကပ်ပါးကောင်ကို စိတ်မချဖြစ်နေတာကြောင့် တံခါးဖွင့်လိုက်တော့.. ရင်ခွင်ထဲတိုးဝင်လာတဲ့ ခန္ဓာကိုယ်လေးတခု..

"အင့်~ ဖယ်စမ်း.. ငါရေသွားသောက်မလို​့"

"အကိုနမ်ဂျွန်းက အိမ်မှာမရှိဘူး.. ဂျင်ဂျင်Hyungနဲ့အတူတူအိပ်ပါရစေ.."

ဟုတ်သားပဲ။ ကိုကိုဂျွန်းကအိမ်မှာမရှိဘူး .. စာမေးပွဲနီးနေလို့ သူငယ်ချင်းတွေနဲ့စာစုလုပ်ပြီး ညအိပ်မယ်လို့ပြောသွားတာပဲ။

"ရှုပ်ရှုပ်ထုပ်ထုပ်တွေလာမလုပ်နဲ့.. ဖယ်!!"

ဆော့ဂျင် သူ့ကိုအတင်းလာဖက်ထားတဲ့ခန္ဓာကိုယ်လေးကို ဆွဲဖယ်လိုက်တယ်။ ကပ်ပါးကောင်လေးကတော့ သူ့မူပိုင်မျက်လုံးပြူးပြူးတေ​ွနဲ့ ကြည့်နေပြန်ပြီ။ ရုပ်ကငိုမဲ့မဲ့လုပ်နေပြီ။

"စိတ်ရှုပ်လိုက်တာ.. ရေတောင်မသောက်ချင်တော့ဘူး သွား.. သွားတော့ ကိုယ့်အခန်းကိုပြန်။"

ဘယ်လိုပြောပြော အဲ့ကလေးကအခန်းရှေ့ကကို မသွားပေ။ ပြောပါတယ် ကပ်ပါးကောင်ပါလို့.. ရုတ်တရက်မိုးခြိမ်းလိုက်တော​့ အိမ်တဆောင်လုံး လင်းထိန်းသွားတယ်။

"အား!!! ကြောက်တယ်.. အဟင့်.. အတူတူအိပ်မယ် ဂျင်ဂျင်Hyung"

ဘယ်လိုလုပ်မလဲ ကိုယ်ကစိတ်ရင်းကောင်းနေတော့လည်း ဒီကပ်ပါးကောင်ကို အခန်းထဲပဲခေါ်လာခဲ့ရတော့တယ်။

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now