ဂျီမင်ထွက်သွားပြီးတော့ အိမ်ထဲကျန်နေခဲ့သူက သူတို့နှစ်ယောက်တည်းသာ.. တယောက်မျက်နှာတယောက်ကြည့်နေရင်း ဂျင်ကလှည့်ထွက်သွားပြီး မီးဖိုချောင်ထဲဝင်သွားတော့ ဂျောင်ဂုလည်းအနောက်ကလိုက်လာလိုက်တယ်..
"ဂျင်~ စိတ်ဆိုးပြေသွားပြီလား"
"ဂျင်~ ဂျင်စိတ်ရှင်းသွားပြီမယ့်လား.. မောင့်ကိုစိတ်မဆိုးတော့ဘူးမယ့်လား"
သူမေးနေတာကိုမဖြေဘဲ.. မနက်စာပြင်ဆင်ဖို့သာ လုပ်နေတော့တယ်။ ဂျောင်ဂုလည်းအနောက်ကနေ ကပ်လိုက်နေရင်း တတွတ်တွတ်ပြောနေမိတယ်။ ဂျင်ဆီကနေ 'ခွင့်လွှတ်ပါတယ်'ဆိုတာကို ကြားရမှသာ သူစိတ်အေးရမှာဖြစ်မယ်..
"ဂျင်~ ပြန်ဖြေအုံးလေ.. ပစ်မထားပါနဲ့"
ဂျောင်ဂု ဂျင်အနောက်ကို ထပ်ကြပ်မခွာလိုက်နေရင်းက.. ကော်ဖီစက်မှာကော်ဖီထည့်ပြီး ဂျင်က ရုတ်တရက်နောက်လှည့်လာတော့ ကော်ဖီပူပူတွေက ဂျောင်ဂုရင်ဘတ်ပေါ်..
"အ့.."
"ဂျောင်ဂု~""ပူတယ်.. ဂျင်.. အ့.. လောင်ကုန်ပြီထင်တယ်"
"တကယ်ပါပဲ.. ကလေးလိုအနောက်ကကပ်လိုက်နေလို့ဖြစ်မလား.. လာ~ ဆေးလိမ်းပေးမယ်"
ဂျောင်ဂုကိုလက်ဆွဲကာ ဆိုဖာပေါ်ထိုင်ခိုင်းလိုက်တယ်.. ဆေးလိမ်းဖို့အင်္ကျီချွတ်ခိုင်းလိုက်တော့ ဂျောင်ဂုရင်ဘတ်ပေါ်နေရာယူထားတဲ့ နီရဲရဲအကွက်ကြောင့် သူစိတ်မကောင်းဖြစ်ရပြန်တယ်.. အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီကအရမ်းပူနေတာကို.. တော်တော်နာနေလောက်တယ်..
ညကကတောက်ကဆဖြစ်ထားတာကိုပင် သတိမရတော့ပေ။ဂျောင်ဂုကိုစိုးရိမ်သွားကာ သေချာဂရုတစိုက်ဆေးလိမ်းပေးဖို့ ပြင်ဆင်လိုက်မိတယ်.. လိမ်းဆေးဗူးထဲက creamလိုဆေးကိုအနည်းငယ်ညစ်ထည့်လိုက်ပြီး အပူလောင်ထားတဲ့နေရာပေါ်တင်လိုက်တော့ ဂျောင်ဂုဆီက အသံထွက်လာတော့တယ်..
"စပ်တယ်.. ဂျင်~"
"ဖြူး~"
စပ်တယ်.. ဆိုတော့.. နည်းနည်းများသက်သာသွားမလားဆိုပြီး ဂျောင်ဂုရင်ဘတ်ပေါ် လေမှုတ်ပေးလိုက်မိတယ်.. ဖွဖွလေးသာဆေးဆက်လိမ်းပေးတော့တယ်..
YOU ARE READING
𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]
Fanficငါ့လုပ်ရပ်တွေကပဲ ငါ့ကိုပြန်နာကျင်စေမယ်ဆိုတာ တကယ်မသိခဲ့ဘူး .. ❄