☎~
"ဂျောင်ဂု.. ငါဘယ်လိုလုပ်ရမလဲ"
"ကိုယ်တို့တွေ့ပြီး အေးဆေးပြောရအောင်"
"မင်အခုချက်ချင်းပြေးလာလိုက်ချင်တယ်.. ဒါပေမဲ့ အမေကအခုမင့်ကိုအခန်းထဲပိတ်ထားတာ.. လာလို့မရဘူး.. ဟင့်~ ဘယ်လိုလုပ်ရမလဲ"
"ဂျီမင်မငိုပါနဲ့ ကိုယ်နည်းလမ်းရှာမှာပါ"
....
"ငါ့ကို ဘာကိစ္စခေါ်တာလဲ.."
ဂျင်ထယ်ယောင်းကို စားသောက်ဆိုင်တခုသို့ချိန်းဆိုလိုက်ခြင်းပင်။ ထယ်ယောင်းရောက်လာတော့ ထိုင်စောင့်နေရာကထလိုက်ပြီး ထယ်ယောင်းကိုဖက်လိုက်တယ်..
"လွမ်းနေတာ"
"ဂျင်!!"
ထယ်ယောင်းအသံကျယ်သွားတာကြောင့် စားသောက်ဆိုင်ထဲကလူတွေအကုန် သူတို့နှစ်ယောက်ဆီအကြည့်ရောက်လာတယ်~
"ဘာတွေလုပ်နေတာလဲ ဟမ်..! လိုက်ခဲ့.."
ထယ်ယောင်းသူ့လက်ကိုဆွဲပြီး ဆိုင်ထဲကနေခေါ်ထုတ်သွားတယ်..
"ငါနာနေပြီ.. လွှတ်အုံး"
အောက်ဆုံးထပ်ကားပါကင်ရောက်တဲ့အထိ တရွတ်တိုက်ဆွဲခေါ်သွားတယ်.. ကားနားရောက်မှ ဂျင်ကိုယ်လေးကိုကားနဲ့ကပ်လိုက်ပြီးမှ လက်လွှတ်ပေးလိုက်တယ်.. ဂျင်လက်ကောက်ဝတ်တွေရဲတက်နေပြီ..
"မင်းခုနက ဘယ်လိုအပြုအမူတွေလာလုပ်နေတာလဲ ငါ့ကိုမရှုပ်နဲ့.."
"ငါစိတ်လောသွားတယ် မင်းနဲ့ဂျီမင်ရဲ့သတင်းကို ငါတွေ့လိုက်လို့.. ငါမင်းကိုဆုံးရှုံးသွားသလို ခံစားလိုက်ရတယ်"
"မင်းပြောတာကိုယုံမယ်ထင်နေလား? အရင်ကမင်းငါ့ကိုအရမ်းမုန်းတာပါ.. အဓိပ္ပါယ်မရှိတာတွေလာမပြောနဲ့"
"...."
"ငါ့ကိုအဲ့လောက်ထိတုံးအ'မယ်ထင်နေတာလား.. မင်းဂျောင်ဂုကို ကူညီချင်နေမှန်းငါသိတယ် အခုငါနဲ့သတင်းထွက်ရင် ဂျီမင်အမေကငါနဲ့သဘောမတူတော့အောင် လုပ်မလို့လား"
"ဟက်!! မင်းကအရမ်းစိတ်ကူးယဥ်တာပဲ ဇာတ်ညွန်းဆရာလုပ်ပါလား"
"..."
YOU ARE READING
𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]
Fanfictionငါ့လုပ်ရပ်တွေကပဲ ငါ့ကိုပြန်နာကျင်စေမယ်ဆိုတာ တကယ်မသိခဲ့ဘူး .. ❄