Pt.40❄ | M

3.9K 305 32
                                    

🔺Warning🔻

"ဘာလို့အလုပ်လုပ်နေတာလဲ.. နေမကောင်းသေးဘူးလေ"

ဆေးရုံကုတင်ပေါ်ထိုင်လျက် laptopရှေ့အလုပ်လုပ်နေပြီဖြစ်တဲ့ ဂျွန်ဂျောင်ဂုကို လာတားရသေးတယ်.. နာနေတဲ့လက်တဖက်က ဘယ်ဘက်ဖြစ်နေလို့သာ တော်သေးတယ်.. ညာဖက်သာဆိုအလုပ်မလုပ်ဘဲနေရလို့ ဂျွန်ဂျောင်ဂုတို့ရူးလောက်တယ်..

အခုလည်း ဒီပရောဂျက်ကိုလက်လျော့လိုက်ရင်ရတယ်ဆိုပေမဲ့ ကုမ္ပဏီအတွက်ဆုံးရှုံးမှုဖြစ်သွားနိုင်တယ်.. ဦးလေးကိုယ်တိုင်ကလည်း လက်လျော့ချင်ရင်လျော့ဖို့ အခွင့်အရေးပေးထားပြီးသား.. ဒါပေမဲ့မဖြစ်နိုင်ပါ.. ဒီကုမ္ပဏီနာမည်ပျက်မယ့်အလုပ်မျိုးသူလုပ်မှာမဟုတ်ဘူး ကိုယ်တာဝန်ယူထားတဲ့အလုပ်ကို ပြီးတဲ့အထိလုပ်မှာ..

"သက်သာနေပါပြီ..ဂျင် အလုပ်ကလုပ်မှဖြစ်မှာ"

"ဒါပေမဲ့လည်း ခဏနားလိုက်ပါအုံး.. လုပ်နေတာကြာပြီ အိုင်ဒီယာသေချာမထွက်ဖြစ်နေတယ်မယ့်လား.. ခဏတော့နားလိုက်"

"တစက္ကန့်တောင်နားလို့မဖြစ်ဘူး"

"ဒါပေမဲ့..."

"ဘာပဲဖြစ်ဖြစ် လုပ်ကိုလုပ်ရမယ်.. ကင်မ်ဂျယ်ဟွန်းကိုမတွေ့ဘူးလား ဒီပရောဂျက်ကိုမောင့်ဆီမပေးချင်ဖြစ်နေတာ မောင်အရှုံးမပေးဘူး.. အောင်မြင်အောင်လုပ်မယ်"

"ဘာလို့သူ့ကို အနိုင်ယူချင်နေတာလဲ"

"ငါ့မိဘအတွက်.. ပြီးတော့ဦးလေးအတွက် သူတို့ငါကိုဘယ်လိုကောင်းကောင်းပျိုးထောင်သင်ကြားပေးခဲ့လဲဆိုတာကို သူမြင်ဖို့.. ဒါမှငါ့အမေ့ကို စော်ကားပြောဆိုထားတာတွေရပ်မှာ.."

ဂျောင်ဂုပြောတဲ့စကားကို ဂျင်လက်ခံတယ်.. အခုဂျောင်ဂုကိုတားနေရင်လည်း ဂျောင်ဂုလက်ခံမှာမဟုတ်ပေ။ ကိုယ်ကတော့စိတ်ပူလို့ပြောမိပေမဲ့ ဂျောင်ဂုလုပ်တာလည်းမှန်တာပဲလေ။ ဂျင် ဂျောင်ဂုလက်တွေကိုဆုပ်ကိုင်ထားလိုက်ရင်း....

"ဂျင်မကူညီပေးနိုင်ရင်တောင် မောင့်အနားမှာအမြဲရှိပြီး အားပေးနေပါ့မယ်"

"ဂျင်အဲ့လောက်လေးပြောပေးရင်ကို မောင့်အတွက်အားအင်တွေရသွားသလိုပါပဲ ကျေးဇူးတင်ပါတယ်.. ပြီးတော့မောင်ဂျင့်ကိုချစ်တယ်.."

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now