☎~
"ဟယ်လို"
"မင်္ဂလာပါ ကင်မ်ဆော့ဂျင်ရှီ"
"ကင်ထယ်ယောင်း!! ဘာလို့ဖုန်းဆက်လာလဲ"
"ငါမင်းကိုဂုဏ်ပြုပေးချင်လို့လေ"
"ဘာကိုလဲ"
"ဂျောင်ဂု မင်းကိုယုံကြည်လာအောင်လုပ်နေတဲ့အကြံအစည်လေ.. အခုဆိုဂျောင်ဂုနဲ့ဂျီမင်လုံးဝပြတ်စဲသွားတယ်လို့ပြောရမယ့်အခြေအနေထိဖြစ်သွားပြီလေ.. နောက်ဆုံးတော့မင်းအောင်မြင်သွားတာပေါ့"
"....."
"ဘာမှပြန်မပြောနိုင်လောက်အောင် တိတ်သွားပါလား.. ငါပြောတာတွေမှန်တယ်ဆိုတဲ့သဘောပေါ့
ဒီအကြောင်းတွေကို ဂျောင်ဂုသိသွားရင် မင်းကိုဘယ်လောက်ဒေါသထွက်လိုက်မလဲ.. မင်းမျက်နှာကိုတောင်မမြင်ချင်လောက်အောင်ထိ ဖြစ်သွားနိုင်တယ်"
"မင်း!! မလုပ်နဲ့နော် "
"ဘာဖြစ်လို့လဲ ကြောက်လို့လား"
"သူမင်းကိုယုံမှာမဟုတ်ဘူး."
"မယုံရင်တောင် နည်းနည်းတော့တွေဝေသွားလိမ့်မယ်ထင်တယ် စမ်းကြည့်မလား"
"မလုပ်နဲ့ ထယ်ယောင်း.. ဂျောင်ဂုကိုမပြောဖို့ ငါဘာလုပ်ပေးရမလဲ"
"ညကျရင် Lamp Club ကိုလာခဲ့.. စောင့်နေမယ် ဂျင်~"
.....
လုံးဝလာချင်တာမဟုတ်ဘူး~ ဂျောင်ဂုကိုပြန်ပြောလိုက်မှာကြောက်လို့သာ လာရတာ..
ထယ်ယောင်း ဂျင်အနားကိုရောက်လာပြီး လက်တဖက်ဖြင့် မှေးရိူးကနေထိန်းကိုင်ပြီး လက်မဖြင့် ဂျင်ပါးပြင်လေးကိုပွတ်သပ်နေတယ်။
"ဂျင်က တကယ်ချောတာပဲ.. ဒါပေမဲ့ဂျောင်ဂုမမြင်တတ်တာ တကယ်ဆိုးတာပဲ"
ထယ်ယောင်းရဲ့လက်မက ပါးပြင်ကိုပွတ်သပ်နေရာကနေ နှုတ်ခမ်းတွေကိုပွတ်ဆွဲလာတာကြောင့် ထယ်ယောင်းလက်ကိုဖြုတ်ချလိုက်မိတယ်။
"ဘာလုပ်တာလဲ"
လက်တွေဖြုတ်ချခံလိုက်ရတော့ ထယ်ယောင်း ဂျင်လက်မောင်းနှစ်ဖက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်တယ်။
YOU ARE READING
𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]
Fanficငါ့လုပ်ရပ်တွေကပဲ ငါ့ကိုပြန်နာကျင်စေမယ်ဆိုတာ တကယ်မသိခဲ့ဘူး .. ❄