ဂျင်တယောက် ဂျောင်ဂုကွန်ဒိုရှေ့ရောက်နေပြီး ဘဲလ်တီးနေတာကြာလှပြီ တံခါးလည်းလာမဖွင့်ပေ။ လက်ထဲမှာလည်းအထုပ်တွေနဲ့ပြည့်နေတာမို့ ဒီအထိရောက်နေပြီးမှ ဂျင်မပြန်ချင်တော့ပေ။ passwordထည့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။
ဂျောင်ဂုမွေးနေ့ထည့်လိုက်တယ် မဟုတ်သေးပေ။ ဂျီမင်မွေးနေ့လား? ဂျီမင်မွေးနေ့ဆိုလည်းဂျင်မသိပေ။
ရှုပ်ပါတယ် ကိုယ့်မွေးနေ့ကိုယ်ထည့်လိုက်မယ်!!
တိ~ ပွင့်သွားတယ်!!
OMG What is that!!
(Cardi B အသံဖြင့်ဖတ်ပါ)ဂျင်တယောက်ကြက်သီးတွေထကုန်တယ်။ ဘာလားဟ!! မထင်မှတ်ဘဲ Passwordက ကိုယ့်မွေးနေ့ဖြစ်နေတယ်။
ဂျင်ကွန်ဒိုထဲဝင်လာလိုက်တယ်။ ဂျောင်ဂုကိုတော့ မတွေ့သေးတာကြောင့် ဒီတိုင်းပဲဆိုဖာမှာထိုင်နေရင်း စောင့်နေလိုက်တယ်။ ဖုန်းကြိုမဆက်ဘဲ လာလိုက်မိတာမှားတာပဲ။ ဂျင်စောင့်နေရင်း အိပ်ပျော်သွားတော့တယ်။
ဂျောင်ဂုက ဒီနေ့မှအလုပ်တွေမပြတ်သေးလို့ ရုံးမှာအချိန်ပိုကြာသွားတာ.. အိမ်ရောက်တော့ အိမ်ရှေ့မှာဖိနပ်တရံ.. သူစိမ်းတယောက်အိမ်ထဲရောက်နေပြီဆိုတဲ့အသိကြောင့် သတိနဲ့ဝင်လာရာ.. ဆိုဖာပေါ်မှာအိပ်နေတဲ့ ရင်းနှီးနေပြီးသားသူစိမ်းလေး။
ဘယ်လိုရောက်နေတာလဲ? သူpwသိသွားတာလား? ဘယ်လိုပြန်ဖြေရမလဲ? ဂျောင်ဂုခေါင်းထဲမေးခွန်းတွေဆက်တိုက်ပေါ်နေတော့တယ်။
ဂျင်ကိုမနိုးဘဲ ဒီအတိုင်းပဲပေးအိပ်ထားလိုက်တယ်။ ဂျောင်ဂုကတော့ ရေချိုးပြီးစာရင်းတွေစစ်နေလိုက်တယ်။
"ဂျောင်ဂု.. ပြန်ရောက်ပြီလား.."
"အင်း"
"ဘာလို့မနိုးလိုက်တာလဲ.. ဝါး~"
ဂျင်ကိုကြည့်ရတာ အိပ်ရေးမဝသေးတဲ့ပုံပင်။ တဝါးဝါးနဲ့ သန်းနေတာ။
"အိပ်နေလို့ လွတ်ထားပေးတာ"
"မင်းအိမ်passwordက ဘာလို့ငါ့မွေးနေ့ဖြစ်နေတာလဲ?"
ဂျောင်ဂုတယောက် တံတွေးမြိုချလိုက်ရင်း သူစဥ်းစားထားတဲ့အတိုင်း လိမ်လိုက်တယ်။
YOU ARE READING
𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]
Fanfictionငါ့လုပ်ရပ်တွေကပဲ ငါ့ကိုပြန်နာကျင်စေမယ်ဆိုတာ တကယ်မသိခဲ့ဘူး .. ❄