Pt.43❄

2.6K 316 51
                                    

ညကတည်းကဒီအတိုင်းအိပ်ပျော်သွားခဲ့ပြီး နိုးလာတော့လည်းဆိုဖာပေါ်တွင်သာ.. အိမ်တပတ်လိုက်ကြည့်လိုက်ပေမဲ့ ဂျောင်ဂုကိုမတွေ့သေးပေ။ အခုထိပြန်မရောက်သေးတာလား?..

သက်ပြင်းရှည်တခုဖြင့်သာ ဧည့်ခန်းထဲပြန်ထိုင်စောင့်​နေလိုက်တယ်.. ဒီကိစ္စကိုဘယ်လိုမှမကျော်သွားနိုင်တော့ပေ.. အပြတ်ကိုရှင်းရမယ်.. ဒီတခါကတော့သံသယမဟုတ်တော့ဘဲ ကိုယ့်မျက်လုံးနဲ့ကိုမြင်ခဲ့ရတဲ့အမှန်တရားတွေ..။

"ပြန်လာပြီလား.. တညလုံးပင်ပန်းခဲ့မှာပဲ.."

"ဟုတ်တယ်ဂျင်ရဲ့.. ကုမ္ပဏီမှာ အလုပ်ရှုပ်နေခဲ့တာ တညလုံးနီးပါးပဲ"

သူ့ဘက်ကအရယ်အပြုံးမရှိခပ်တည်တည်ဖြင့် အရွဲ့တိုက်ကာမေးမိတဲ့မေးခွန်းကို ဂျောင်ဂုပြန်ဖြေလာတဲ့အဖြေကြောင့် ဒေါသတွေမထိန်းချုပ်နိုင်ခဲ့..။ ဘာမှမစဥ်းစားနေတော့ဘဲ ဂျောင်ဂုရှေ့အရောက်သွားလိုက်ပြီး ခပ်ပြင်းပြင်းတချက်ရိုက်ချလိုက်မိတယ်..

ဖြန်း..!

ရုတ်တရက်အရိုက်ခံလိုက်ရတာကြောင့် အံ့သြသွားဟန်မျက်လုံးလေးတွေပြူးထွက်သွားတယ်.. ဂျောင်ဂုပါးတပြင်လုံးစပ်ဖျင်းဖျင်းခံစားရပြီး ရဲတက်နေတယ်။ ဂျင်ကလည်းဒေါသထွက်နေသည့်ပုံပင် အံ့ကြိတ်ပြီးသူ့ကိုစိုက်ကြည့်နေတယ်..

"ဂျင်!.. ဘာလုပ်တာလဲ!"

ဖြန်း..!

သူပြန်မေးမိတော့ နောက်တချက်ထပ်အရိုက်ခံရတယ်.. ဂျင်ဆီက ဘာကြောင့်ရိုက်ခံရလဲဆိုတာ သူနားမလည်နိုင်ပေ။ ဂျင်ပခုံးနှစ်ဖက်ကိုတင်းကျပ်နေအောင် ဆုပ်ကိုင်လိုက်တယ်..

"ဘာလဲ!! ဘာဖြစ်နေတာလဲ..!"

"အပြစ်လုပ်ထားပြီး ငါ့ကိုလာအော်မနေနဲ့"

"ဘာလဲ.. ဘာအပြစ်လဲ! ငါတညလုံးအလုပ်လုပ်နေခဲ့တာ.. ပင်ပန်းလာတဲ့ယောက်ျားကိုဒီလိုပုံစံကြိုဆိုလိုက်တာလား.."

"တော်ပါတော့! ဘာကိုပင်ပန်းတာလဲ.. သူနဲ့အိပ်ခဲ့တာကိုလား"

"ဘာတွေစွပ်စွဲနေတာလဲ ဂျင်!"

"ဟက်! ကလိမ်ကကျစ်ကောင်!.. သိပ်ပြီးဟန်ဆောင်​ကောင်းအနေနဲ့.. သည်းခံနေတာဆိုတာလည်း အတိုင်းအတာရှိတယ်.."

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now