Pt.29❄

3.7K 371 92
                                    

ထယ်ယောင်းနိုးလာတော့ သူ့ကိုကျောပေးထားပြီး တရှုံ့ရှုံ့ငိုနေတဲ့ဂျီမင်ကိုတွေ့ရတယ်~ ထယ်ယောင်း ဂျီမင့်အနားကိုတိုးကပ်သွားပြီး.. အနောက်ကနေ ကျောပြင်လေးကိုတဖွဖွနမ်းလိုက်တယ်..

"ဟင့်~"

"ဘာလို့ငိုနေတာလဲ.. မငိုပါနဲ့.. မွ.."

"ငါတောင်းပန်ပါတယ် ငါ့ကိုဒီလိုမလုပ်ပါနဲ့.. ပြီးတော့ ဒီအကြောင်းတွေဂျောင်ဂုကိုမပြောပါနဲ့"

"ရတယ်လေ.. ငါဂျောင်ဂုကိုမပြောပါဘူး.. မင်းကငါ့စကားကိုနားထောင်ပါ ခေါင်းမမာနဲ့"

❄❄❄

ဒီရက်ပိုင်းမှာတော့ ဂျင်နဲ့ဂျောင်ဂုအဆင်ပြေနေခဲ့တယ်.. ခါးသီးတဲ့အပြောအဆိုတွေမရှိသလောက်ပင်။ သူငယ်ချင်းတွေလိုမျိုး တော်တော်ရင်းနှီးလာခဲ့တယ်~ အရင်ထက်ပိုပြီးရင်းနှီးလာတယ်.. ဒီလိုအ​ခြေအနေမျိုးကိုသိပ်သဘောကျတယ်~

ဒီနေ့က သူတို့အိမ်အသစ်ကိုပြောင်းလာတဲ့နေ့.. ပြင်ဆင်စရာရှိတာအကုန်ပြင်ဆင်ကြရတယ်.. အိပ်ထဲမှာလည်းအချို့နေရာတွေကိ​ု အတူတူသန့်ရှင်းရေးလုပ်ကြတယ်..

ဖေဖေတို့က အိမ်အသစ်လာလည်ကြမယ်ဆိုတော့ ​နေ့လယ်စာအတွက် ဂျင်အကုန်ပြင်ဆင်ထားတယ်.. နိုင်ငံခြားမှာနေပြီး အစားအသောက်တွေချက်ပြုတ်စားနေကြမို့ ဂျင်အတွက် အချက်အပြုတ်အေးဆေးပါ..

"ကိုကိုဂျွန်း^!"

မနက်ကတည်းကမျှော်နေမိတာ.. နမ်ဂျွန်းကားပေါ်ကဆင်းလာတာနဲ့ ဂျင်တယောက်ပြေးဖက်တော့တယ်~ ဂျင်ကပြေးဖက်တာကြောင့် နမ်ဂျွန်းကိုယ်ပါယိုင်သွားတော့တယ်..

"ဂျင်လေးရေ.. ဖြည်းဖြည်း"

"ကိုကိုဂျွန်းကို ဂျင်ကသတိရနေတာ.."

"အံမယ်.. ဟုတ်လို့လား? အိမ်တောင်မလာတာကြာပြီ နှစ်ယောက်တည်းချစ်နေကြတာလား"

"ဟာ.. မဟုတ်ပါဘူး.. ဒါနဲ့ဖေဖေကရော မလိုက်လာဘူးလား"

"ဂျောင်ဂုနဲ့အတူ ရုံးကနေလာလိမ့်မယ်"

"အော်.. ဟုတ်သားပဲ"

"ဖေဖေပေးတဲ့လက်ဖွဲ့ကြိုက်ရဲ့လား"

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now