Pt.50'A❄

2.7K 264 28
                                    

ထယ်ယောင်းသူ့အနားမှာရပ်ပြီး တယောက်ယောက်နဲ့ဖုန်းပြောနေတာကို ဂျောင်ဂုကြားနေရတယ်..။ မျက်ဝန်းအစုံဟာ တောင့်ခံမထားနိုင်တော့သည့်တိုင်အောင် စင်းကျလာတယ်.. သူ့ကိုယ်သူသေတော့မည်ဟူ၍သာစိတ်ထဲရှိတော့တယ်..။

မျက်ဝန်းထဲမှာလည်း ပုံရိပ်ယောင်လေးတွေတဖြည်းဖြည်းဖြတ်သန်းသွားနေတယ်..။ ဂျင်နဲ့သူရဲ့ပျော်ခဲ့တာဖူးတာတွေ.. ရုံးမသွားခင်အနမ်းလေးပေးတတ်တဲ့မြင်ကွင်းတွေ.. ဂျင်ရဲ့မျက်စောင်းလှလှရယ်.. အပြုံးလှလှလေးတွေ.. တခါတလေ မှန်ပွတ်သံထွက်ပြောသည်အထိကို တခစ်ခစ်ရယ်တတ်သေးတယ်..။ မြင်​ယောင်နေမိရင်း နာကျင်နေမိသည့်ကြားကပြုံးမိပြီး မျက်လုံးထောင့်ကနေ မျက်ရည်တွေစီးကျလာတော့တယ်..။ သူသေရတော့မယ်ဆိုရင်တောင် ဂျင်ခွင့်လွှတ်တာကိုသူလိုချင်သေးတယ်..။

တတ်နိုင်သမျှအားတင်းထားရင်း သူ့မျက်နှာရှေ့ကဖြတ်လျှောက်သွားတဲ့ ထယ်ယောင်းခြေထောက်ကို ဆွဲထားလိုက်တယ်..။ ကူညီပေးဖို့ တောင်းဆိုစကားဆိုရန်ကိုပင် သူမပြောနိုင်ပေ..။ ထယ်​ယောင်းက အမှုမဖွင့်နဲ့.. လူနာတင်ကားခေါ်ပေးမယ်ဆိုတော့မှ အရာအားလူံးအမ​ှောင်ကျသွားတဲ့အထိ သူစိတ်လျော့ပစ်လိုက်တယ်..။

❄❄❄

"ဟုတ်ဟုတ်.. အမြန်လာခဲ့ပါ့မယ်"

ဆေးရုံကဖုန်းလာပြီးချက်ချင်း နမ်ဂျွန်း ဂျင်လေးဆ​ီဆက်သွယ်လိုက်တယ်..

"ဂျင်လေး.. ဂျောင်ဂုဆေးရုံရောက်နေလို့တဲ့.."

သူဖုန်းဆက်ပြီးခဏအကြာတော့ ဂျင်လေးရော ဖေဖေရော ဆေးရုံကိုရောက်လာကြတယ်..။

"ကိုကိုဂျွန်း.. ဂျောင်ဂုဘယ်မှာလဲဟင်.. သူဘယ်လိုနေသေးလဲ"

"သူခေါင်းထိထားတာအရမ်းပြင်းတယ်.. သွေးထွက်လွန်ထားလို့ အခြေအနေကစိတ်မချရသေးဘူး.. ICUထဲမှာပဲရှိသေးတယ်"

"အဟင့်~ ဂျင်ဘယ်လိုလုပ်ရမလဲ.."

"စိတ်လျော့နော်.. သူအဆင်ပြေမှာပါ.."

ကိုကိုဂျွန်းက သူ့ကိုနှစ်သိမ့်ပေးနေပေမဲ့ ဘယ်လိုမှစိတ်မအေးနိုင်ပေ..။

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now