အိပ်နေရင်း နှုတ်ခမ်းကိုတကောင်ကောင်လာကိုက်နေသလို ခံစားနေရတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့.. ဟိုကပ်ပါးကောင်။
သူကျတော့မျက်လုံးမှိတ်ထားပြီး သေချာအရသာခံနေသည့်ပုံပင်။ ဒီလောက်ထိရဲတင်းလာတာမျိုး.. ဂျင်ဒေါသထွက်လာကာ ဆောင့်တွန်းပစ်လိုက်တယ်။
"မင်း.. ဘာလုပ်တာလဲ"
ဂျောင်ဂုက လက်နှစ်ဖက်ကို အချင်းချင်းပွတ်တိုက်နေကာ.. တော်တော်လန့်နေတဲ့ပုံပေါ်တယ်။
"ဂျင်ဂျင်Hyung~ တောင်း~ တောင်းပန်ပါတယ် သားက ဒီအတိုင်း~ ဒီအတိုင်းပဲထိကြည့်ချင်လို့ပါ"
ဂျင်က မျက်နှာတွေရဲတက်နေတက်နေကာ လက်သီးဆုပ်ထားတဲ့လက်တွေပါ တုန်နေတယ်။
"ပါးစပ်ပိတ်ထား! အဲဒါမင်းထိချင်တိုင်းထိလို့ရမလား.."
"အရမ်းလှလို့ပါ.. တောင်းပန်ပါတယ်"
"တောက်ခ်.." ကြမ်းပြင်ပေါ်ကျနေတဲ့ ဂျောင်ဂုအပေါ်ကိုခွထိုင်ပြီး တချက်ပြီးတချက်ထိုးနေတယ်။
"ကပ်ပါးကောင်.. ခွပ်!
ဘယ်အချိန်ကတည်းက ငါ့ကိုဒီလိုမျိုးတွေတွေးနေတာလဲ.. ခွပ်!
ကိုယ့်အဆင့်ကိုသိ.. ငါ့အဖေက မင်းကိုဘယ်လောက်ပဲချစ်ချစ် မင်းကသူများအိမ်မှာကပ်နေရတဲ့သူဆိုတာ မမေ့နဲ့..
နဲနဲအရောဝင်လိုက်တာနဲ့ လူပါးမဝနဲ့.. နောက်တခါလာလုပ်ရင် အသေပဲ"
ထိုးပြီးမှ ဖယ်ပေးလိုက်တော့.. ဂျောင်ဂုက ဆက်တိုက်ငိုနေပြီး ခန္ဓာကိုယ်လေးကို အနောက်ဆုတ်သွားကာ ...
"တောင်း~ အဟင့်.. တောင်းပန်ပါတယ်.. သားမှားသွားတာပါ ဟင့်~ သားကိုမမုန်းပါနဲ့"
"ထွက်သွား!!! အခန်းထဲကနေ.."
ဂျင်လေးကိုသွားနှိုးဖို့ ဂျောင်ဂုကိုလွှတ်လိုက်တာ ကြာပြီ။ နှစ်ယောက်လုံးကို ပြန်မလာကြ။ အဖေတောင်မှ မနက်စာစားပြီး ကုမ္ပဏီကိုထွက်သွားပြီ ဒါကြောင့်နမ်ဂျွန်းပါ ဂျင်အခန်းကိုရောက်လာခဲ့တော့ ဂျောင်ဂုလေးက ကြမ်းပြင်ပေါ်ထိုင်ပြီး ငိုနေတာ.. မျက်နှာမှာလည်းဒဏ်ရာတွေနဲ့
YOU ARE READING
𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]
Fanfictionငါ့လုပ်ရပ်တွေကပဲ ငါ့ကိုပြန်နာကျင်စေမယ်ဆိုတာ တကယ်မသိခဲ့ဘူး .. ❄