Pt.42❄

2.8K 303 59
                                    

tae.m "Dec.20ကို မင်္ဂလာနေ့အဖြစ်ရွေးထားလိုက်ပါပြီ.."

jm.m "နှစ်ပတ်ပဲလိုတော့တာပဲ.. ကောင်းပါတယ်.. လက်ထပ်ပွဲအမြန်ဆုံးဖြစ်သွားလေ ကောင်းလေပါပဲ.."

tae "ဟုတ်တယ်.. အန်တီ.. ကျနော်လည်း ဂျီမင်လေးနဲ့အမြန်ဆုံးလက်ထပ်ချင်နေပြီ.."

jm "ထပ်ပြောစရာမရှိတော့ဘူးထင်တယ်.. မင်အလုပ်ရှိသေးလို​့ ခွင့်ပြုပါအုံး.."

ထငြင်းခုံနေလို့လည်း အကျိုးမရှိတာကြောင့် ဂျီမင် ခပ်မြန်မြန်သာထလာလိုက်တော့တယ်.. ။

.....

မနက်ဖြန် ဘူဆန်ကိုသွားမှာမလို့.. ဂျင်တယောက် အဝတ်သေတ္တာပြင်ရတာနဲ့ကို အလုပ်ရှုပ်နေတော့သလို ပထမဆုံးအတူတူခရီးထွက်မှာမလို့ စိတ်လှုပ်ရှားနေတော့တယ်..

"ဘာတွေပြင်ဆင်ဖို့ လိုအပ်သေးလဲဟင်.. ပစ္စည်းတွေတော့ အတော်စုံနေပြီ.."

သူအားတက်သရောပြောလိုက်ပေမဲ့ ဂျောင်ဂုကတော​့ မျက်နှာမလန်းပေ။

"တခုခုဖြစ်လို့လား.. မောင်မျက်နှာမကောင်းပါလား.."

"မောင်တို့ မနက်ဖြန်သွားလို့မရလောက်ဘူး.."

"ဟမ်.. ဘာဖြစ်လို့လဲ.."

"နေလည်းကောင်းနေပြီလေ.. ပြီးတော့ မနက်ဖန်အရေးကြီးအစည်းအဝေးရှိတယ်ပြောလို့ ရံးပြန်သွားဖို့လိုလို့ပါ.. နောက်တခါမှပဲသွားရအောင်နော်.."

"ဟွန့်~"

"စိတ်မဆိုးပါနဲ့ မောင့်ဂျင်လေးကလိမ္မာပါတယ်.."

"မကျေနပ်သေးဘူးနော်.."

"ဒါဆိုလည်း မောင်အားတဲ့နေ့ကမ်းခြေအရင်လိုက်ပို့မယ်နော်.."

"စဥ်းစားလိုက်မယ်လေ.."

ဂျင်ပုံစံလေးကြောင့် ဂျောင်ဂုခပ်ဖွဖွရယ်လိုက်ကာ ရင်ခွင်ထဲဆွဲသွင်းထားကာ.. ခေါင်းလေးကိုသာ တဖွဖွနမ်းနေလိုက်တယ်.

❄❄❄

"အားလုံး.. ကျနော့်သားကင်မ်ထယ်ယောင်းကို သိပြီးသားဖြစ်မှာပါ.. အခုကစပြီး ကျနော့်သားလည်းဒီပရောဂျက်ကိုအတူဝင်လုပ်မှာပါ"

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now