Pt.48❄

2.6K 300 33
                                    

"မင်းဒီကိုဘာလာလုပ်တာလဲ.. ဘယ်သူဖိတ်လို့လဲ.."

"....."

ဟိုတယ်ရဲ့ 5ထပ်မြောက် မင်္ဂလာပွဲကျင်းပမည့် အခမ်းအနားကိုဂျောင်ဂုရောက်လာခဲ့တယ်.. သူ့ကိုတွေ့ရင်ပဲ ထယ်ယောင်းသူ့အနားကိုရောက်လာပြီး ရန်လာတွေ့တော့တယ်..

"အဘွားဖိတ်ထားလို့လေ.."

"ဟင်းး မင်းလာတာလည်းကောင်းပါတယ်လေ.. ဂျီမင်ကိုငါပိုင်သွားတာကြည့်သွားပေါ​့.."

"အင်း"

"ဂျောင်ဂု~ ငါ့မြေးရောက်နေပြီလား.. အထဲရောက်ရင် အဘွားနဲ့အတူထိုင်နော်.."

"ဟုတ်ကဲ့"

အဘွားရောက်လာတာနဲ့ ထယ်ယောင်းခေါင်းခါပြီး ဂျောင်ဂုအနားကထွက်လာလိုက်တယ်.. အဘွားကအရင်ကဆိုသူ့ကိုသိပ်ချစ်တာ.. အခုလည်းသူ့ကိုချစ်သလို ဂျောင်ဂုကိုကြင်နာပြနေတာကို သူမကြိုက်ပေ..။

အဘွားဖိတ်တယ်ဆိုအုံးတော့.. ဂျောင်ဂုရောက်လာတော့ စိတ်ထဲဘဝင်မကျပေ။ အဲဒါကြောင့်ပွဲထဲက Bodyguardတယောက်ကို ဂျောင်ဂုကိုစောင့်ကြည့်ထားဖို့ပြောထားလိုက်တယ်..။

"ဂျီမင်ရှီ.. အောက်ထပ်ကိုဆင်းလို့ရပါပြီရှင်.. မကြာခင်အခမ်းအနားစတော့မှာပါ"

"သန့်စင်ခန်းခဏဝင်လိုက်အုံးမယ်.."

"ဟုတ်ကဲ့.. ကျွန်မတို့စောင့်နေပါ့မယ်.."

ဂျီမင်အခန်းထဲရောက်တာနဲ့ ဖုန်းကိုပဲပြန်စစ်ဆေးနေလိုက်တယ်.. ဂျောင်ဂုဆီကအဖြေပြန်မရခဲ့ပေမဲ့ တခုခုများထူးခြားလာမလားလို့ .. ထိုစဥ် messageဝင်သံကြောင့်. အမြန်ကြည့်လိုက်မိတယ်..

"ဟိုတယ်က ကားပါကင်မှာစောင့်နေတယ်.."

ဂျီမင်စိတ်ပျက်လက်ပျက်ဖြစ်နေတာတွေ ပျောက်ကွယ်သလို.. တဖက်မှာလည်းထွက်ပြေးဖို့နည်းလမ်းရှာရအုံးမည်..။ Stylish အမနှစ်ယောက်ကလည်းသူ့အနားကမခွာဘဲ ခန်းမအရောက်ပို့ပေးမည့်ပုံပင်..။

အောက်ဆင်းရတော့မှာမလို့ အမနှစ်ယောက်နဲ့အတူဓာတ်လှေကားထဲဝင်လာလိုက်တယ်..။

"ကျွန်တော့်ကိုနှုတ်ခမ်းအဆီဘူးလေးသွားယူပေးလို့ရမလား.."

G1 "ဟုတ်သားပဲ.. နှုတ်ခမ်းတွေဖြူရော်နေတယ်.."

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now