Pt.32❄

3.1K 333 135
                                    

"ဂျင်~ ဒီကိုလာပါအုံး"

ဂျောင်ဂုက ကုတင်ပေါ်မှီရင်းခပ်လျောလျောထိုင်ကာ ရင်ခွင်ဖွင့်ပေးပြီး ဂျင်ကိုခေါ်တယ်.. ဂျင်လည်းအိပ်ယာပေါ်လှဲချကာ ဂျောင်ဂုရင်ခွင်ထဲဝင်ကာ ဖက်ထားလိုက်တယ်.. ဂျောင်ဂုက ဂျင်ကိုဖက်ထားရင်း ဆံပင်လေးအားဆွဲဖွကာ. တဖွဖွနမ်းနေတယ်..

"ဂျင်~"

"ဟင်"

"မောင်တောင်းပန်ပါတယ်"

"ဘာအတွက်လဲ"

"ဂျင့်ကိုအရင်ကအော်ခဲ့မိတဲ့အတွက်လေ.. ဂျင့်ကိုငိုအောင်လုပ်မိတဲ့အတွက်ရော.. မောင်တခါမှမတောင်းပန်ခဲ့မိလို့.. ဂျင့်ဘက်ကိုသေချာမကြည့်မိခဲ့လို့.. တောင်းပန်ပါတယ်"

"ပြီးသွားတဲ့ကိစ္စတွေကိုပြန်မပြောလည်းရပါတယ်.. ဂျင်ကစိတ်ထဲမထားတော့ဘူး.."

"ချစ်တယ် ဂျင်~"

"အွန်း~ ငါရော.."

"ဒီလိုပဲဖက်ထားရင်း အိပ်ကြမလား"

"အွန်း.."

ဂျောင်ဂု ဂျင်ကျောပြင်လေးအားပွတ်သပ်ပေးနေသလို ဂျင်လည်း မျက်လုံးတွေမှိတ်ချလိုက်ရင်း ဂျောင်ဂုရင်ခွင်ထဲပင် ငြိမ်ငြိမ်လေးနေနေတော့တယ်။

ခေါင်းလုံးလုံးလေးအားပွတ်သပ်လိုက်.. ကျောပြင်ပေါ်ပွတ်သပ်လိုက်ဖြင့် အလုပ်ရှုပ်နေရင်းက ... ဂျောင်ဂုလက်တွေက ဂျင်ရဲ့ညဝတ်ဘောင်းဘီထဲလျှိုဝင်ပြီး တင်ပါးလုံးလုံးလေးကိုပါစုပ်နယ်မိတော့တယ်~ ထိုအခါမှရင်ခွင်ထဲငြိမ်ကျနေတဲ့ဂျင်ဆီ အသံသေးသေးလေးထွက်လာတော့တယ်

"အင့်~ ဂျောင်ဂု"

"ဘာဖြစ်လို့လဲ.."

"လက်~ လက်ဖယ်ပေး"

အိပ်ပျော်တော့မလို့ဖြစ်နေတဲ့ဂျင်က မျက်လုံးလေးတွေပွတ်နေရင်း ဂျောင်ဂုကိုမော့ကြည့်လာတယ်.. အသဲယားလွန်းလို့ ဂျင့်နှုတ်ခမ်းလေးတွေကို စုပ်ယူကာတပြွတ်ပြွတ်မြည်အောင်နမ်းရှိုက်ပစ်လိုက်တယ်~

သူ့အနမ်းတွေနောက်အမှီလိုက်နေရင်း ရင်ဘတ်ပေါ်တင်ထားတဲ့ဂျင်လက်ကလေးတွေက ဂျောင်ဂုအင်္ကျီစကိုခပ်တင်းတင်းဆုပ်ကိုင်လာတယ်.. မွတ်မွတ်သိပ်သိပ်နမ်းရှိုက်နေရင်းက အားမရဖြစ်လာတာကြောင့် တဖက်လှည့်ချပြီးဂျင်ကိုယ်လေးကိုအိပ်ယာပေါ်ချပေးကာ အပေါ်ကအုပ်မိုးလိုက်မိတယ်.. ထပ်နမ်းဖို့လုပ်တော့ ဂျင်ကသူ့ရင်ဘတ်ကိုလက်ကလေးဖြင့် တွန်းထားတော့တယ်..

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now