Pt.46❄

2.6K 324 80
                                    

"ဒါဘယ်ကပြန်လာတာလဲ.. ဂျောင်ဂုနဲ့သွားတွေ့ခဲ့တာလား.."

"ဟုတ်တယ်.."

လူလည်းပင်ပန်းလွန်းလို့ အမေမေးလာတာကို ပြန်ငြင်းဖို့လည်းအင်အားမရှိပေ..။ အရာအားလုံးကိုပဲ အရွဲ့တိုက်ပစ်လိုက်ချင်တော့တယ်..။

"သူကဘာတွေကောင်းနေလို့ အဲ့လောက်တွယ်ကပ်နေတာလဲ.. ထယ်ယောင်းလိုလူနဲ့လက်ထပ်ရတော့မှာကိုတောင် ဘာလို့အဲ့လောက်တုံးနေရတာလဲ.."

"ဘာလို့လဲဆိုတော့ ဂျောင်ဂုက မင့်ယောက်ျားမို့လို့.."

"ဂျီမင်..!! ကိုယ်ပြောလိုက်တာ ကိုယ်သိရဲ့လား"

"သိတယ်.. ဘာလို့မသိရမှာလဲ.. မင်တို့ကအတူတူရှိနေရရင်ပျော်တယ်.. ဂျောင်ဂုနဲ့အိပ်ပြီးသွားပြီ.."

"ရုးနေလား.. ဂျီမင်!"
"လက်ထပ်ရတော့မှာကို သူများအငယ်အနှောင်းသွားလုပ်နေတာလား"

"အငယ်အနှောင်းက မင်မဟုတ်ဘူး.. သူလက်ထပ်ထားတဲ့ဂျင်ကမှ အငယ်အနှောင်းပဲ"

ဂျီမင်..!! ခွပ်! ခွပ်! ခွပ်!

အမေ့အော်သံအဆုံးမှာ တချိန်လုံးဘာမှဝင်မပြောခဲ့တဲ့ အဖေကဝင်ထိုးတော့တယ်.. သုံးချက်ဆက်တိုက်အထိုးခံလိုက်ရတာကြောင့် မူးဝေသွားတော့တယ်..။ နှုတ်ခမ်းထောင့်ကသွေးစအချို့ပါ ကပ်ပါလာတော့တယ်..

"အဖေ!"
"ကိုယ်ချစ်တဲ့သူနဲ့ ကိုယ်အိပ်တာ.. မင်ဘာမှမမှားဘူး.. မလိုချင်ပါဘူးဆိုတာကိုအတင်းဖိအားပေးလက်ထပ်ခိုင်းနေတဲ့ အမေတို့ကမှားနေကြတာ.."

​ဖြန်း..!!

"တော်တော့.. ငါ့ဒေါသကိုလာမဆွနဲ့.."

"မင်ကိုယ့်ဘာသာကို ကြိုက်တာလုပ်မယ်.. တားဆီးဖို့မကြိုးစားကြနဲ့.."

ဆက်ပြောလာမယ့်စကားတွေကိုနားမထောင်ဘဲ အမေ့ရှေ့ကထွက်သွားလိုက်တယ်။ အမေ့မျက်လုံးတွေမျက်ရည်တွေရစ်ဝဲနေတာကို သူတွေ့နေရတယ်.. ဒါပေမဲ့ သူလည်းသိပ်စိတ်ပျက်နေပြီ..။

"ခေါင်းမာလိုက်တာ.. ဂျီမင်..! ငါလုံးဝလက်မခံနိုင်ဘူး.."

ဂျီမင်အမေ့ရှေ့ကထွက်လာပြီး အခန်းထဲဝင်လိုက်လာတယ်.. အခန်းထဲမှာအသင့်ထိုင်စောင့်နေပြီးသားရှိနေတဲ့ ထယ်ယောင်းကြောင့် သူပိုပြီးစိတ်ရှုပ်သွားခဲ့တယ်..

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now