Pt.20❄

3.6K 363 117
                                    

📩(......*Happy Anniversary par ဂျောင်ဂု*

*ကိုယ်အရင်ပြောမလို့ကို ဂျီမင်ကဦးသွားတာပဲ*

*ဒီနှစ်တော့မင်ကပဲဦးဆောင်ပါရစေ.. ည၈နာရီ Denishစားသောက်ဆိုင်ကိုလာခဲ့ပါ.. မင်စောင့်နေမယ်နော်*

*ဟုတ်ပါပြီဗျာ*.....)

မတ်ဆေ့ခ်ျအပြန်အလှန်ပို့ကြရင်း.. ဂျောင်ဂုနေ့သစ်ကိုစတင်လိုက်တယ်..

......

📩(ညကျရင် clubမှာငါ့သူငယ်ချင်းပါတီရှိတယ်.. ဒီမှာတွေ့ပြီး ပျော်ကြရအောင် အချစ်ကလေး❤)

မနက်နိုးတာနဲ့ ထယ်ယောင်းပို့ထားတဲ့ မတ်ဆေ့ကိုအရင်ဖတ်လိုက်ရတယ်.. မင်္ဂလာမရှိလိုက်တာ...!

"အဘွားဂျန် မင်္ဂလာပါ"

"ဂျင်လေးအခုမှပဲပေါ်လာတော့တယ်.. ဂျောင်ဂုတယောက်တည်းပဲအမြဲလာနေတော့ အဘွားကမျှော်နေတာပါ"

"ဂျင်အလုပ်သင်နားထားလို့ပါ.. အခုကကိုယ်ရေးကိုယ်တာမေးစရာရှိလို့ပါ"

"ဘာများလဲကွယ်"

"ကင်မ်ယူနာဆိုတဲ့အမျိုးသမီးကို သိလား"

"ဟင်.. ဘာလို့လာမေးတာလဲ"

"ကင်မ်ယူနာဆိုတာ ဂျောင်ဂုရဲ့အမေပါ.. ဂျွန်မျိုးရိုးနာမည်က အဖေအရင်းမဟုတ်တဲ့သူဆီကပါ.. အဖေရင်းကဘယ်သူလဲဆိုတာ အဘွားဂျန်သိမှာပါ"

"....."

"ဂျင်အဘွားဆီအတည်ပြုဖို့ လာပြောတာပါ"

"ကျေးဇူးပါပဲ အဘွားသိပါပြီ"

ဟုတ်တာပေါ့.. သူသိပ်ကိုသိတဲ့အရာတွေ.. ဂျင်ပြောတဲ့အကြောင်းအရာကိုနားထောင်ရင်း အံ့သြမိတယ်.. အနီးဆုံးမှာရှိနေတဲ့ဂျောင်ဂုက သူ့မြေးတဲ့.. အတွေးတွေက အရင်ချိန်ဆီသို့...

"ဂျယ်ဟွန်း.. မင်းယူနာနဲ့လက်ထပ်ရမယ်"

"လက်မထပ်နိုင်ဘူးအမေ! ကျွန်တော်ချစ်တဲ့သူကယူနာမဟုတ်ဘူး"

"မင်းကြောင့် ဒီမိန်းကလေးမှာ ကိုယ်ဝန်ရှိနေပြီလေ"

"သူအရင်လာမြူစွယ်လို့ဖြစ်ရတာပါ.. သူ့ကိုကိုယ်ဝန်ဖျက်ချခိုင်းလိုက်!!"

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now