Pt.15❄

2.8K 331 37
                                    

"ဂျောင်ဂု~"
"အပြင်အတူတူသွားရအောင်..."

"ငါမအားဘူး ဂျင်~ ကိုယ့်ဘာသာကိုပဲသွားလိုက်ပါ"

"မင်းဒီလိုအခန်းထဲမှာထိုင်ပြီး စဥ်းစားနေလို့အကြံဉာဏ်ထွက်လာမှာ မဟုတ်ဘူး.. အပြင်ထွက်ပြီးလိုက်လေ့လာမှပေါ့"

"ငါဒီလိုအပြင်ထွက်နိုင်မှာမဟုတ်ဘူး.. အလုပ်အတွက်အချိန်က နှစ်ရက်ပဲကျန်တော့တာ"

"သိတယ်လေ.. ဒါကြောင့်ငါကူညီနေတာ"

"ဒါပေမဲ့ ငါ.."

"ရပ်!! ဘာမှထပ်မပြောနဲ့ လိုက်ခဲ့!"

ဂျောင်ဂုကို ဘာမှထပ်​ပြောခွင့်မပေးဘဲ.. လက်ဆွဲပြီး ခေါ်ထုတ်လာလိုက်တယ်~

ဂျင်ခေါ်သွားတဲ့နေရာလေးက လှေနဲ့တဆင့်ထပ်သွားသေးတယ်။ဝန်းကျင်မှာ ရေတွေပတ်လည်ရှိနေတဲ့ နေရာလေးတခု..

"ဒီရပ်ကွက်လေးမှာ နှစ်တိုင်းရေကြီးတယ်.. ဒါပေမဲ့သူတို့အဲဒါဖြေရှင်းဖို့ အရမ်းရိုးရှင်းတဲ့နည်းကို သုံးကြတာရှိတယ်"

"မင်းဘယ်လိုသိတာလဲ"

"သတင်းကြည့်လို့ပေါ့.. facebookမှာလည်းတွေ့ရတယ်လေ.. မင်းကအမြဲတမ်းစားပွဲပေါ်မှာ အလုပ်တွေဝိုင်းနေတာကို..

ဘာမှလိုက်မကြည့်ဘဲ စာရွက်တွေပဲဖတ်နေတာ အကြံဉာဏ်က ဘယ်လိုထွက်မလဲ? သွားမယ်!! ရပ်ကွက်လူကြီးနဲ့စကားသွားပြောရအောင်!"

ဂျောင်ဂုတော့ အခုထိတော့ ဂျင်ကိုယုံသလို မယုံသလိုပါပဲ.. သူပြောသွားတာတွေကတော့ ​ပရောဂျက်အတွက် ရေလုံအိမ်တည်ဆောက်ဖို့ အဆင်ပြေလောက်မယ်ထင်တာပဲ..

ဂျင်ပြောတဲ့အတိုင်းပင် ရပ်ကွက်လူကြီးနဲ့စကားပြောကြည့်တယ်။ ရပ်ကွက်လူကြီးကလည်း စိတ်ရှည်ရှည်နဲ့သေချာရှင်းပြပေးတယ်။ ရပ်ကွက်ထဲက ရေကြီးတတ်တဲ့နေရာတွေကိုလည်း လိုက်ပြပေးတယ်~ တနေကုန်ဂျင်နဲ့အတူအချိန်ကုန်ပြီး ညရောက်မှအိမ်ပြန်ရောက်တော့တယ်~

ဂျောင်ဂုအိမ်ရောက်တာနဲ့ ထွက်လာတဲ့အိုင်ဒီယာအတိုင်း ဒီဇိုင်းဆွဲပြီး မနက်ဖြန်ဦးလေးကို တင်ပြဖို့အတွက် စိတ်လှုပ်ရှားနေတော့တယ်~

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now