Pt.12❄

2.8K 320 55
                                    

"ဒီလိုစကားတွေပဲကြားနေရတာ မင်တကယ်ငြီးငွေ့နေပြီ ဂျောင်ဂု"

"ဘာပဲလုပ်ရလုပ်ရပါ ဂျီမင်ရယ်.. ကိုယ့်ကို​တော့မထားခဲ့လိုက်ပါနဲ့"

"အဲဒီဘာပဲလုပ်ရလုပ်ရ'ဆိုတဲ့အထဲမှာ ဦးလေးကိုလွန်ဆန်နိုင်ပါတယ်'ဆိုတာမျိုး မပါဘူးမယ့်လား.."

"ဟင်းးး" (သက်ပြင်းချသံ။)

"ဦးလေးကဂျောင်ဂုရဲ့ ကျေးဇူးရှင်ဆိုတာသိပါတယ်.. ဒါပေမဲ့လည်း.."

"ဂျီမင်ပြောတာကို ကိုယ်နားလည်ပါတယ်.. ဦးလေးတို့ကုမ္ပဏီကနေအလုပ်ထွက်လိုက်ပါ့မယ်"

❄❄❄

"ဒါဘာလဲ.. ဂျောင်ဂု"

"အလုပ်ထွက်စာပါ"

"သားငယ်ကြောင့်လား"

"ကျွန်တော်နဲ့ဂျင်ကအဆင်မပြေပါဘူး.. ဒါကြောင့်ကိုယ်ကိုယ့်ကိုသုံးသပ်မလို့ပါ နှစ်ဖက်လုံးအဆင်ပြေအောင်ပါ"

"အင်းမ်.. သဘောကတော့ မင်း,သားငယ်ကိုစိတ်ဆိုးနေတာပေါ့"

"..."

"ဒီလိုတွေးနေရတာမင်းပင်ပန်းနေမှာပဲ..သားငယ်ဆိုးတာကိုသိပါတယ် ငါတောင်သူ့ကြောင့်ခေါင်းကိုက်ရတယ်"

"ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ.. ဦးလေးကိုအခုလိုပြောရတာ ကျွန်တော်တကယ်အားနာပါတယ်"

"ငါခွင့်မပြုဘူး ဂျောင်ဂု"

"ဒါပေမဲ့.. ဦးလေး"

"ဒါအမိန့်ပဲ!! ဒါမှမဟုတ် ငါမင်းကိုဒီထက်ပိုပြီး တောင်းပန်ရမလား"

"ဒီလိုမဟုတ်ပါဘူး~ ဦးလေး"

"ဒီကုမ္ပဏီပိုင်ရှင်က ငါပဲ.. ဂျင်မဟုတ်ဘူး.. ဂျင်ကြောင့်နဲ့မင်းအလုပ်ထွက်လို့မရဘူး.. အလုပ်လုပ်ပေးပါ မင်းလုပ်ရမယ့်အလုပ်တွေအများကြီးရှိသေးတယ်"

"ဟုတ်ကဲ့ပါ"

ဖြစ်နိုင်ရင်အဝေးဆုံးကိုထွက်သွားလိုက်ချင်ပေမဲ့လည်း အခုထိတော့ဦးလေးရဲ့စကားကိုဆို ဂျောင်ဂုမငြင်းဆန်နိုင်သေးပေ။

"ဘာ!! ဂျောင်ဂုကထွက်စာတင်တယ်"

"ဟေး.. ဂျင်လေး ဒါမင်းကြောင့်ပဲ"

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now