သတိရပြီးပြီချင်းခဏပဲ ဂျင်နဲ့တွေ့ခဲ့ရတယ်..။ အဲ့ဒီနောက်ပိုင်းကတည်းက ဂျင်ကိုမတွေ့ရတော့ပေ..။ ဆေးရုံကုတင်ပေါ်တညကုန်ဆုံးပြီး နောက်နေ့မနက်တိုင်တောင် ဂျင်ပြန်မလာသေးပေ..။
ဖုန်းဆက်ဖို့အတွက် ကုတင်ဘေးကစားပွဲပေါ်တင်ထားတဲ့ဖုန်းကိုလှမ်းယူဖို့ရာ လက်ကမမှီမကန်းဖြစ်နေတော့တယ်..။ဖုန်းယူဖို့အတွက် ဖုန်းဆီကိုပဲအာရုံစိုက်နေတဲ့ ဂျောင်ဂုလက်ထဲကို လူတယောက် ဖုန်းလာထည့်ပေးလိုက်တော့... သူမော့ကြည့်လိုက်တယ်... ထယ်ယောင်းအဖေ..။
"မနေ့က ရဲတွေငါ့ဆီလာသွားတယ်.. ငါ့သားမင်းကိုကျူးလွန်ခဲ့တာအတွက် အမှုရုပ်သိမ်းပေးလို့ရမလား.. ငါတောင်းဆိုပါတယ်.."
"......"
"တကယ်တောင်းပန်နေတာပါ... မင်းရုပ်သိမ်းပေးရင် မင်းကိုငါ့သားအဖြစ်လက်ခံပေးမယ်.."
"မလိုပါဘူး.. ကျွန်တော် ခင်ဗျားကိုအဖေတော်ဖို့လည်းငါတခါမှမစဥ်းစားဖူးဘူး.."
"ဟင်းးး ဒါဆိုငါဘာလုပ်ပေးရမလဲ... ငါဘယ်လိုတောင်းပန်ရမလဲ.. ငါ့အမေက ငါလိုချင်နေတဲ့မြေကွက်ကိုလည်းမင်းကိုပေးမှာတဲ့.. ငါ့မှာဘာမှမရှိတော့ဘူး.. ထယ်ယောင်းကိုတော့အမှုရုပ်သိမ်းပေးပါ"
"ကျွန်တော်ဒီမြေကွက်ကို မယူဘူး.. အဘွားကိုကျွန်တော်ငြင်းလိုက်ပါ့မယ်..ခင်ဗျားပြန်တော့ာ..."
"ဒီတခေါက်တော့ ငါမြေကွက်ကိုမလိုတော့ပါဘူး.. မင်းပဲယူပါ.. ထယ်ယောင်းကိုတော့အမှုရုပ်သိမ်းပေးပါ.. ငါ.. ငါဒူးထောက်ပြီးတောင်းပန်ပါတယ်.."
ရုတ်တရက် ဒူးထောက်ချလိုက်တဲ့ထယ်အဖေကြောင့် အံ့သြမိတယ်... ထယ်အဖေရဲမာနကြီးချက်က သူသိနေတာကြောင့်ပင်..။ လူကြီးတယောက်ကသူ့ကိုဒူးထောက်ပြီး တောင်းပန်တာမြင်ရတော့လည်း ဂျောင်ဂုရင်ထဲမကောင်းပေ..။
"မင်းအမှုမရုပ်သိမ်းပေးရင် ဒီမှာပဲတချိန်လုံးဒူးထောက်နေနိုင်တယ်.. ငါတောင်းပန်ပါတယ် ဂျောင်ဂု~"
YOU ARE READING
𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]
Fanficငါ့လုပ်ရပ်တွေကပဲ ငါ့ကိုပြန်နာကျင်စေမယ်ဆိုတာ တကယ်မသိခဲ့ဘူး .. ❄