Pt.14❄

2.7K 326 70
                                    

ဂျောင်ဂုတို့ ချိန်းထားတဲ့နေရာကိုရောက်တော့ ဘယ်သူမှမရှိတော့ပေ။ ထင်တဲ့အတိုင်းပြန်သွားကြပြီ။

"ဘယ်သူမှမရှိတော့ဘူး"

"ဒါဆို ငါသူတို့ကိုသွားရှင်းပြပေးမယ်"

"မလုပ်ပါနဲ့"

"မရဘူးလေ ငါ့ကြောင့် နောက်ကျသွားတာကို"

"ဂျင်.. ငါမင်းကိုပွင့်ပွင့်လင်းလင်းပြောရရင် မင်းကိုမယုံသေးဘူး"

"ငါမင်းတို့ကိုခွဲမယ့်အကြံရပ်ပါပြီ.. ဘာလို့မယုံတာလဲ? ငါ့ကိုကူညီခွင့်ပေးပါ"

"..."

"အိမ်ကို လိုက်သွားရအောင်.. လာ~"

❄❄❄

jm.m "ငါတို့က အခွင့်အရေးပေးတာကို.. သူကမရောက်လာဘူး.. မလေးမစားလုပ်လိုက်တာပဲ"

"ပုံမှန်ဆို ဂျောင်ဂုကအဲ့လိုမဟုတ်ပါဘူး.. သူအလုပ်ရှုပ်နေတာဖြစ်မယ်"

jm.m "သူဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ် ဖုန်းဆက်ရင်တော့ကိုင်ရမှာပေါ့ ဒီလောက်လေးတောင်သူမလုပ်နိုင်ဘူးလား နောက်တခါအခွင့်အရေးရမှာ မဟုတ်တော့ဘူး"

ထိုစဥ် အိမ်ရှေ့မှဘဲလ်တီးသံမြည်လာခဲ့တယ်~

jm.m "သွားမတွေ့ရဘူး"

"အမေ"

jm.m "အပေါ်ကိုတက်တော့"

"အမေ.. ဒါပေမဲ့.. အဖေ"

အဖေဖြစ်သူကပါ ဂျီမင်ကိုထွက်မတွေ့ခိုင်းဘဲ အပေါ်ထပ်ကိုဆွဲခေါ်သွားတော့တယ်~

jk "ငါ့ကို ထွက်မတွေ့ကြဘူး.. ပြန်ရအောင် မင်းကိုလိုက်ပို့ပေးမယ်"

jin "အင်း.."

ဂျောင်ဂုက ဂျီမင်တို့အိမ်ကြီးကိုအကြည့်မပျက်ဘူး.. မျက်နှာညိုးကြပြီး အရမ်းစိတ်ညစ်နေတဲ့ပုံပေါ်တယ်။

"ငါ.. ငါစိတ်မကောင်းပါဘူး ငါကြောင့်နဲ့ပြဿနာဖြစ်ပြန်ပြီ.. ငါကူညီနိုင်တာရှိရင်ပြောပါ"

"အင်း.. ကျေးဇူးပဲ"

မြင်ကွင်းထဲကပျောက်သွားတဲ့အထိ ဂျောင်ဂုကားကို ရပ်ကြည့်နေမိတယ်။

ငါမင်းကို တကယ်ကူညီမယ်ထင်နေတာလား.. ငတုံးကောင်!

ဂျောင်ဂုအိမ်ရောက်တာနဲ့ ဂျီမင်ဆီကို messageပို့ထားလိုက်တယ်~

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now