Pt.13❄

2.6K 301 36
                                    

"မင်းဘာမှမလုပ်တော့ဘူးလား ဂျီမင်"

"ဘာလုပ်ရမှာလဲ ယွန်းဂီ"

"ဂျောင်ဂုကိုဖုန်းဆက်ပြီးမေးလေ.. ကင်မ်ဆော့ဂျင်ကိုဘာလို့အလုပ်သင်ပေးနေတာလဲ လို့မေးလိုက် "

"သူဆော့ဂျင်နဲ့ဝေးဝေးနေမယ်လို့ ငါ့ကိုကတိပေးထားပေမဲ့ အခုသူမလုပ်နိုင်ဘူး.. ဂျင်ကိုအလုပ်သင်ပေးနေတယ်ဆိုတာကိုလည်း ငါ့ကိုမပြောပြဘူး .. အခုငါ့ကိုလည်းဖုန်းပြန်မဆက်ဘူး.. ငါ့ဘက်ကပဲလိုက်ပြောနေရတာ"

☎~ Ring~
ဒီအချိန်မှာပဲ ဂျောင်ဂုဆီကဖုန်းဝင်လာခဲ့တယ်။ ဒါပေမဲ့ ဂျီမင်ဖုန်းပိတ်ပစ်လိုက်တယ်။

"ဘယ်သူဆက်တာလဲ?"

"ဂျောင်ဂုဆီက.."

"ဘာလို့မကိုင်တာလဲ"

"စိတ်ရှုပ်နေလို​့ သူ့ကိုဒီအတိုင်းလွှတ်ထားလိုက်တော့မယ်"

❄❄❄

ဂျီမင်အလုပ်သွားဖို့အတွက် အောက်ထပ်ဆင်းလာတော့ အဆင်သင့်ရောက်နေသူက ထယ်ယောင်းပင်။

"ဂျီမင်~"

"မင်းကဒီမှာဘာလုပ်နေတာလဲ ထယ်ယောင်း"

jm.m "အမေခေါ်ထားတာလေ.. သားကားကပြင်ဆိုင်ပို့ထားရတာဆိုတော့ ထယ်ယောင်းကိုအလုပ်လိုက်ပို့ခိုင်းမလို့လေ.."

"လာပါ.. ကိုယ်လိုက်ပို့ပေးပါ့မယ်"

"ဟင်းမ်းးးး"

jm.m "သားတို​့ သွားကြတော့လေ.. အလုပ်နောက်ကျမယ်"

ဂျီမင်မလိုက်ချင်ပေမဲ့ မလွန်ဆန်နိုင်တော့ ထယ်ယောင်းနဲ့အတူ လိုက်လာလိုက်တယ်။

"အလုပ်ဆင်းရင် ကိုယ်လာကြိုမယ်"

"မလိုပါဘူး လိုက်ပို့ပေးမယ့်သူရှိတယ်.. အခုလိုက်ပို့ပေးတာ ကျေးဇူးပါ"

အပြင်ထွက်ဖို့လုပ်လိုက်တဲ့ဂျီမင်လက်ကို ဇတ်ခနဲဆွဲယူလိုက်တဲ့ထယ်ယောင်းကြောင့် ဂျီမင်ရဲ့လက်တဖက်က ထယ်ယောင်းရင်ဘတ်ပေါ်တွင်..

"ဘာလုပ်တာလဲ.. လွှတ်"

"ဒီအတိုင်းကျေးဇူးတင်လိ​ု့ရမလား ဂျီမင်ရယ်"

"ဒါဆို ဘယ်လို.. အွန့်.. အု"

အနီးကပ်ဆွဲယူပြီး ထယ်ယောင်း ဂျီမင်နှုတ်ခမ်းထူထူလေးကို သိမ်းပိုက်ပစ်တယ်။

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now