Pt.33❄

3K 341 85
                                    

Jin.d "Mr.Mark က မင်းအလုပ်လုပ်ပုံကိုကြည့်ပြီးပြီ ဒါကြောင့်သူစိတ်ဝင်စားလို့ မင်းနဲ့အတူအလုပ်လုပ်ချင်တာ"

Mr.mark "ရှယ်ယာရှင်တွေနဲ့စာချုပ်ချုပ်ပြီးရင် အလုပ်အမြန်စလို့ရပြီ အဆင်ပြေလား"

Jk "အဆင်ပြေပါတယ်.. ကျွန်တော့်ကိုရွေးချယ်ပေးတာ ကျေးဇူးတင်ပါတယ်"

Mr "ကျုပ်လည်း မင်းလိုအရည်အချင်းရှိတဲ့သူနဲ့အလုပ်တွဲလုပ်ရတာ ဝမ်းသာပါတယ်"

Mr.markနဲ့ အလုပ်တွဲလုပ်ချင်တဲ့ကုပ္မဏီတွေအများကြီးထဲကမှ J.Squareကုမ္ပဏီကိုရွေးချယ်လိုက်လို့ သူတို့အရမ်းပျော်ရတယ်.. ဒီပရောဂျက်သာအောင်မြင်ရင် ကုပ္မဏီအတွက်အကျိုးအမြတ်အများကြီးရမှာ အသေချာပဲ..

....

"ဂျင်~"

"အလောတကြီးနဲ့ဘာဖြစ်တာလဲ မောင်~ အလုပ်မှာအဆင်ပြေခဲ့ရဲ့လား"

"ပြေတာပေါ့ ဂျင်ရဲ့.. UKကလုပ်ငန်းရှင်Mr.markနဲ့အလုပ်တွဲလုပ်နိုင်မယ့် အခွင့်အရေးရတော့မယ်"

"ဒီနေ့တော့ သတင်းကောင်းတွေချည်းပဲ.. မနက်တုန်းက ဂျီမင်အိမ်ကိုလာသွားတယ်"

"ဟမ်.. ဘာလာလုပ်တာလဲ"

"သူကလာတောင်းပန်တယ် အဲဒါကြောင့် အရင်ကကိစ္စအားလုံးကိုရှင်းလင်းပြီး သူငယ်ချင်းလုပ်ဖို့သဘောတူလိုက်တယ်.."

"ဂျင်တို့ အချင်းချင်းပြေလည်တာကောင်းပါတယ်"

"....."

☎~

"အိုး.. အသက်ရှည်အုံးမယ် ဒီမှာကြည့် ဟက်!"

အိတ်ကပ်ထဲကဖုန်းကိုဆွဲထုတ်ရင်း ဂျင်ဆီကိုပြလိုက်တယ်.. ဂျီမင်ဆီကဖုန်းဝင်လာတာ.. ဂျင်တချက်ကြည့်လိုက်ရင်း ဘာမှတော့ပြန်မပြောမိ..

"အော်.. အားပါတယ်"
"ဂျင်ကိုရော ခေါ်လိုက်မယ်"
"အင်း.. မနက်ဖြန်တွေ့မယ်"

"ဂျင်~ ဂျီမင်က မိဘမဲ့ဂေဟာမှာအလှူသွားလုပ်မလို့ မောင့်ကိုခေါ်နေတာ.. ဂျီမင်ကမွေးနေ့နီးရင်အဲ့လိုပဲ အလှူအတန်းလုပ်ရတာကြိုက်တယ်လေ စိတ်ထားလေးကချစ်စရာကောင်းတာ.. မောင်တို့အတူသွားရအောင်လေ.."

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now