Pt.45❄

2.5K 314 69
                                    

"ဒေါက်.. ဒေါက်~"

"ဝင်ခဲ့ပါ.."

ရုံးခန်းထဲဝင်လာပြီဖြစ်တဲ့သူကြောင့် ဂျောင်ဂုထိုင်နေရာမှ ထပြေးရမလို.. ဘာလုပ်ရမှန်းကိုမသိတော့ပေ။ ဟိုနေ့ကပဲ ဂျီမင်နဲ့ဆက်မပတ်သက်တော့ဘူးဆိုပြီး ဂျင်ကိုကတိပေးခဲ့တာ.. ဂျင်သိရင်စိတ်ဆိုးအုံးမည်.. ဒါပေမဲ့ဂျီမင်အခုလိုရောက်လာတော့လည်း နှင်ထုတ်ဖို့ကအဆင်မပြေ..။

"လမ်းကြုံတာနဲ့ ဂျောင်ဂုအတွက်ဆူရှီဝယ်လာတယ်.."

"ကျေးဇူးတင်ပါတယ်.. မဝယ်လာလည်းရပါတယ်.."

"ရပါတယ်.. အခုလာတာက ဒါလေးလာပေးတာပါ.."

ဂျီမင်ပေးတဲ့စာအိတ်ကိုယူကြည့်လိုက်တော့ ဖိတ်စာပင်။ ဂျီမင်နဲ့ထယ်ယောင်းရဲ့မင်္ဂလာဖိတ်စာ... ။

"ဂုဏ်ပြုပါတယ်.."

"ဂုဏ်ပြုစရာမလိုပါဘူး.. မင်လုံးဝမလိုလားဘဲလက်ထပ်ရတာပါ.. ဒါပေမဲ့လည်းရှောင်လွဲမရတော့ဘူးထင်ပါတယ်.. ဂျောင်ဂုနဲ့ဂျင်နှစ်ယောက်လုံးလာခဲ့ကြနော်.."

"ကောင်းပါပြီ"

G1 "ပန်းစည်းလာပို့သွားပါတယ်.. သူဠေးနာမည်နဲ့ပါ.."

အတွင်းရေးမှူးမလေးက ပန်းစည်းတစည်းကိုင်ပြီးဝင်လာခဲ့တယ်.. ထိုပန်းစည်းထဲမှပြုတ်ကျသွားတဲ့ ကတ်ထူပြားပန်းရောင်ကသူ့ခြေထောက်နားရောက်လာခဲ့တယ်.. ဂျီမင်ကောက်ယူပြီး ဖတ်ကြည့်လိုက်မိတယ်..

7နာရီ R'COO Hotel မှာ ညစာစားပြီး ဒိတ်လုပ်ကြရအောင်.. ချစ်တယ် မောင်💙...

မှ/မောင့်ဂျင်

jk "ဒီထဲကကျသွားတာထင်တယ်... ဂျီမင်"

jimin "ဟုတ်မယ်ထင်တယ်.. ရော့"

ဂျီမင်.. ဂျောင်ဂုလက်ထဲပြန်ထည့်ပေးလိုက်တော့ ဂျောင်ဂုကလည်းထိုစာကိုဖတ်ကြည့်ပြီး ရှိသမျှသွားအကုန်ပေါ်အောင်ပြုံးနေတော့တယ်.. ။

"မင်သွားတော့မယ်နော်.."

"ကောင်းကောင်းသွားပါ.."

ဂျီမင်ပြန်အထွက်မှာတော့ အကိုနမ်ဂျွန်းနဲ့ဆုံမိတော့တယ်.. မရင်းနှီးပေမဲ့ မျက်မှန်းတန်းသိနေတော့ တချက်ဦးညွှတ်ပြီးနှုတ်ဆက်ခဲ့ကြတယ်..

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now