Pt.23❄

3.3K 463 81
                                    

နေမင်းကြီးက နေ့သစ်ကိုစတင်ဖို့ထွန်းတောက်နေပြီ.. လုပ်ငန်းခွင်ဝင်သူများလည်း နေ့သစ်ကိုစတင်နေကြပြီ.. အခုထိအိပ်မောကျနေသေးတာကတော့ ဖက်အိပ်နေကြတဲ့နှစ်ယောက်ပေါ့..

နေရောင်ကအခန်းထဲကျရောက်လာတော့ မျက်ခွံတဖျတ်ဖျတ်နဲ့ နိုးထလာတော့တယ်.. မျက်လုံးဖွင့်ဖွင့်ချင်းတွေ့ရတာက သူ့လက်ချောင်းတွေက ဂျောင်ဂုရဲ့ရင်အုပ်ပေါ်မှာ တင်ထားတယ်.. အိပ်နေရာက ခေါင်းအုံးမဟုတ်ဘဲ ဂျောင်ဂုလက်မောင်းပေါ်မှာ.. ဂျောင်ဂုလက်ကလည်း သူ့ခါးနားတဝိုက်ရစ်ပတ်ထားတော့ သူက ဂျောင်ဂုရင်ခွင်ထဲမြုပ်မြုပ်ကလေး..

တညလုံးဒီလိုအိပ်ခဲ့တာလား? ဆိုတဲ့အတွေးကြောင့် သူရင်ခုန်သွားရင်း စိတ်ကျေနပ်စွာပြုံးလိုက်မိတယ်..

ခေါင်းမော့ကြည့်လိုက်တော့ ဂျောင်ဂုကအိပ်နေတုန်းပင်.. ဂျောင်ဂုနှုတ်ခမ်းပါးအောက်က မဲ့သေးသေးလေးကိ​ုကြည့်နေမိရင်းက သူ့နှုတ်ခမ်းတွေနဲ့ထပ်တူကျကာ.. ခပ်ဖွဖွလေးနမ်းလိုက်တယ်

"မနက်ခင်းတိုင်း ဒီလိုနိုးထရရင် အရမ်းကောင်းမှာပဲ ဂျောင်ဂု.. ဒါပေမဲ့~"

ဂျောင်ဂု မျက်ခွံတွေလှုပ်လာတာကို သတိထားမိတာကြောင့် ဂျောင်ဂုရင်ခွင်ထဲမှာပင် သူငြိမ်ငြိမ်လေးနေကာ.. အိပ်ချင်ယောင်ဆောင်နေလိုက်တယ်..

ဂျောင်ဂုက သူ့ခါးပေါ်ကလက်တွေကို ဖယ်လိုက်ကာ.. သူ့ခေါင်းလုံးလုံးလေးက ဆံပင်တွေကိုဆွဲဖွနေတယ်.. ပြီးတော့ခေါင်းကိုနမ်းနေတာလား.. သူသိပ်မသဲကွဲပေ..

ဂျောင်ဂုကသူ့ကို ဘေးကခေါင်းအုံးပေါ်ပြောင်းတင်ပေးတယ်.. ပြီးတော့ သူ့နဖူးကိုတချက်နမ်းသွားတယ်.. မထင်မှတ်ထားသလိုနမ်းသွားတာကြောင့် ရင်ခုန်ပြီးလက်သီးတွေဆုပ်မိသွားတယ်.. ဂျောင်ဂုမြင်လား? မမြင်လား? သူမသိပေ။

ဂျောင်ဂုအိပ်ယာနိုးတော့ ရင်ခွင်ထဲအကောင်ပေါက်လေးက ညတုန်းကအတိုင်းပင် အခုထိကိုဒီပုံစံအတိုင်းအိပ်ပျော်နေတုန်း..

*အင်းပေါ့.. ဂျင်နိုးလာလို့ ဒီလိုပုံစံဖြစ်နေရင် မထိဘူးပြောပြီး ထိလို့ဆိုပြီး စိတ်ဆိုးအုံးမယ်*

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now