Pt.11❄

2.6K 313 47
                                    

☎~
အဆက်မပြတ်မြည်လာတဲ့ ဖုန်းသံကြောင့် အိပ်ယာမထချင်သေးဘဲ ဂျင်ဖုန်းကိုင်လိုက်ရတယ်။

"ဘာလဲ.. ဟိုဆော့ရာ စောစောစီးစီး"

"သေမနေနဲ့ ထလို့ရပြီ!! နာရီလည်းကြည့်အုံး.. ဒီနေ့ဟိုတယ်ဖွင့်ပွဲရှိတယ်လေ မသွားဘူးလား"

"အဖေပဲသွားလိမ့်မယ်ထင်တယ် ငါမသွားပါဘူး.. အလုပ်ရှုပ်တယ်"

"ဒီပွဲက ဒိတ်ဒိတ်ကြဲသူဌေးမိသားစုတွေပဲဖိတ်တာနော်..သတင်းထောက်တွေလည်းလာကြမှာ Parkအိမ်က ဂျီမင်တို့လည်းလာကြလိမ့်မယ် မင်းသွားသင့်တယ် ထင်တယ်"

"ပြီးတော့ အရေးကြီးဆုံးက ဂျောင်ဂုလည်းလာလိမ့်မယ် အခုသိသွားပြီဆိုတော့ သွားမှာလား မသွားဘူးလား"

ဂျင်တယောက်အိပ်နေရာမှ ချက်ချင်းထထိုင်လိုက်မိတယ်။

"ငါ သွားမှရမှာပေါ့"

❄❄❄

"ဖေဖေ.. ဂျင်မှားတာသိပါတယ် ဂျောင်ဂုကိုပြန်တောင်းပန်ချင်လို့ပါ"

"ဟင်.. အဖေနားကြားလွဲသွားတာလား"

"ဂျင်ကတကယ်ပြောနေတာပါ.. ညပါတီသွားမယ့်အချိန်ကျရင် ဂျင့်ကိုလာကြိုဖို့ ဂျောင်ဂုကိုပြောပေးနော်.. ဂျင်က ပြန်တောင်းပန်ချင်လို့ပါ.. နော်~ ဖေဖေ".

"ဟုတ်ပါပြီ.. ဒီလိုကျတော့ သားငယ်ကလိမ္မာသားပဲ"

"ဟီးးးး"

❄❄❄

ဓာတ်ပုံကိစ္စကြောင့် ဂျောင်ဂု ဂျီမင်ကိုခက်ခက်ခဲခဲပြန်ချော့ထားရတယ်။ အဆင်ပြေသွားပြီမို့ နှစ်ယောက်သားDateလုပ်ရင်း Shopping Mall ထဲက အထည်ဆိုင်တဆိုင်ကိုရောက်နေခြင်းပင်။

"ဝတ်လိုက်တာနဲ့အရမ်းခန့်ညားသွားတယ်. ဒါလေးယူလိုက် ဂျောင်ဂု.."

"ဟို.. စျေးကြီးသလိုပဲ"

ဂျောင်ဂုအတွက်တော့ စျေးကြီးတယ်။ ဒီလိုမျိုးစျေးကြီးတာတွေ မဝယ်ဘူး.. Brandတွေမဝတ်ဘူး မလိုအပ်တာတွေမသုံးဘူး။ အလုပ်လုပ်ပြီးအမြဲတမ်းပိုက်ဆံပဲစုလာတဲ့သူ. အခုလည်းဝယ်ဖို့ပိုက်ဆံမရှိတာမဟုတ်ပေမဲ့ အရမ်းစျေးများနေရင် မဝယ်ချင်ပေ။

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now