ဂျင်သွားရာနောက်ကို ဂျောင်ဂုချက်ချင်းလိုက်လာခဲ့တယ်။
"ခွပ်!!!"
ရောက်ရောက်ချင်း ဂျင်ဆီကနေ အထိုးခံလိုက်ရတာကြောင့် ဂျောင်ဂုမျက်နှာလည်ထွက်သွားတယ်။
"မင်းကိုမင်းဘာထင်နေတာလဲဂျောင်ဂု.. ငါ့နဲ့လက်ထပ်ဖို့ကိုငြင်းရတယ်ပေါ့."
"မင်းလည်း ငါ့ကိုလက်ထပ်ချင်တာမှမဟုတ်တာ.. ဘာလို့ငါ့ကိုလာစိတ်ဆိုးနေရတာလဲ"
"ဘာလို့လဲဆိုတော့ မင်းကအတင့်ရဲလွန်းလို့လေ.. ဘယ်သူမှငါ့ကိုမငြင်းနိုင်ဘူး.. မင်းလိုလူကိုဖေဖေကဘာတွေသဘောကျနေလဲ တကယ်မသိတော့ဘူး.. ဖေဖေကတကယ်ပဲမကြည့်တတ်လိုက်တာ.."
"မင်းက မင်းအနိုင်ရတာကိုပဲ ကြိုက်တယ်.. တကိုယ်ကောင်းသမား.. ပြီးတော့ ငါတခါတည်းပြောမယ်.. အရင်ကကိစ္စတွေက မင်းပြောခဲ့သလို ငါစိတ်ကစားခဲ့ရုံပဲ.. မင်းကိုယ်မင်း အရမ်းအထင်ကြီးမနေနဲ့..
မှတ်ထား .. ကင်မ်ဆော့ဂျင် မင်းလိုလူကို ငါဘယ်တော့မှမချစ်ဘူး"
ဂျောင်ဂုမျက်လုံးတွေကို အကြည့်စူးစူးနဲ့ကြည့်နေတဲ့ ဂျင်မျက်လုံးတွေကလည်း ဒေါသကြောင့်နီရဲလာကာ မျက်ရည်တွေရစ်ဝဲလာတာကြောင့် ရှေ့မှာရပ်နေတဲ့ဂျောင်ဂုကို တချက်တွန်းလိုက်ပြီး အပြေးတပိုင်းထွက်လာခဲ့မိတယ်။
ဂျောင်ဂုကတော့ ထွက်ခွာသွားသော ဂျင်ရဲ့ကျောပြင်ကို ငေးကြည့်ရင်းပေါ့။
"ဂျောင်ဂု"
ဦးလေးရဲ့အရှေ့မှာ ဂျောင်ဂုဒူးထောက်လိုက်တယ်။
"တောင်းပန်ပါတယ် ဦးလေး.. ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ. ဦးလေးရဲ့ကျေးဇူးတွေကို ကျွန်တော်မမေ့ပါဘူး .. ဒါပေမဲ့ အခုဦးလေးတောင်းဆိုတာကို မလုပ်နိုင်ပါဘူး"
"ထ.. ထပါ.. ဂျောင်ဂု " ဦးလေးက ဒူးထောက်ကာထိုင်နေတဲ့ဂျောင်ဂုကို ပြန်ထူပေးတယ်။
"ရပါတယ်.. ဦးလေးက သားငယ်ကို စိတ်ပူနေတာနဲ့ မင်းဘက်ကိုသေချာမတွေးလိုက်မိဘူးဖြစ်သွားတယ်.. မင်းဆန္ဒကိုမမေးမိဘဲ ပြောလိုက်မိတာ ဦးလေးအမှားပါ.. တောင်းပန်ပါတယ်"
YOU ARE READING
𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]
Fanfictionငါ့လုပ်ရပ်တွေကပဲ ငါ့ကိုပြန်နာကျင်စေမယ်ဆိုတာ တကယ်မသိခဲ့ဘူး .. ❄