Pt.24❄

3.1K 379 57
                                    

ဂျောင်ဂုက ဖေဖေ့ကိုဘယ်လိုစည်းရုံးလိုက်လဲမသိပေ.. လက်ခံလိုက်တယ်တဲ့။ အခုဖေဖေက ခွဲစိတ်ခန်းထဲဝင်သွားပြီမို့ သူတို့စိတ်ပူကာ အခန်းရှေ့မှာ ထိုင်စောင့်နေကြတယ်.. 50/50ဖြစ်လို့ပိုပြီးစိုးရိမ်နေကြတယ်.. ခွဲစိတ်မှုအောင်မြင်သွားဖို့ပဲ ဆုတောင်းမိတယ်..

အခုခွဲစိတ်ခန်းရှေ့မှာ သူတို့ထိုင်စောင့်နေတာ၂နာရီရှိနေပြီ ဘာသတင်းမှမသိရသေးပေ.. ဖေဖေသာတခုခုဖြစ်သွားရင် သူ့မှဘယ်သူမှမရှိတော့သလို ခံစားရမယ်ထင်တယ်.. ထိုစဥ် ဂျောင်ဂုကဘေးကနေသူ့လက်တွေကိုဆုပ်ကိုင်လာတယ်..

"ဦးလေး ပြန်ကောင်းသွားမှာပါ.."

"..."

"သူတို့ဟိုမှာ.. လာလာ"
"ဟိုမှာ ကင်မ်ဆော့ဂျင်ပဲ"

ဂျင်မျက်နှာပေါ်ကင်မရာမီးရောင် တချက်လက်သွားတယ်..

"ဂျင်ကိုခေါ်သွားလိုက်တော့ ဂျောင်ဂု.. ငါဒီမှာရှင်းလိုက်မယ်"

"မြန်မြန်သွားရအောင် ဂျင်~"

သတင်းထောက်တွေဆီကနေ ရှောင်ထွက်ဖို့အတွက် အကိုနမ်ဂျွန်းပြောတဲ့အတိုင်း ဂျောင်ဂု ဂျင်ကိုဆွဲခေါ်သွားလိုက်တယ်..

"နေဦးလေ.. မပြေးပါနဲ့"

သတင်းထောက်တွေက ဂျင်တို့နောက်ကိုထပ်လိုက်ချင်နေသည့်ပုံပင်.. ဒါပေမဲ့နမ်ဂျွန်းက ဝင်တားလိုက်တယ်.. သတင်းထောက်ကသုံးယောက်ပဲမို့အဆင်ပြေတယ်~

"မင်းတို့တွေ ဆေးရုံအထိပြဿနာလာရှာနေတာလား.. တော်ကြတော့"

"ကျုပ်တို့က သတင်းထောက်တွေမို့တာဝန်အရ.."

"အဲ့လိုပြောလို့ရမလား.. မင်းတို့အခြားသူရဲ့ခံစားချက်ကိုနားမလည်ဘဲ ရေးချင်သလိုချဲ့ကားပြီးရေးကြအုံးမှာ.. ထွက်သွားတော့"

"ကျုပ်တို့ဒီဆေးရုံကို ခက်ခက်ခဲခဲဝင်လာရတာ.. ဒီလိုလွယ်လွယ်လွှတ်ပေးရမှာလား"

"တောက်ခ်.."

"ဆက်လိုက်ရအောင်ကွာ.. သူ့ကိုဂရုစိုက်စရာမလိုဘူး.. ဖယ်စမ်း!!"

ထိုလူသုံးယောက်ထဲက တယောက်ကထိုစကားကိုဆိုကာ.. နမ်ဂျွန်းကိုတချက်တွန်းလိုက်တယ်.. ဒါပေမဲ့ နမ်ဂျွန်းဘာမှမဖြစ်သွားဘဲ ပိုဒေါသထွက်သွားရတယ်...

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now