Pt.39❄

2.8K 303 65
                                    

ဒီနေ့ညစာစားရင်းDateလုပ်ဖို့ ဂျောင်ဂုနဲ့ချိန်းထားတာကြောင့် ဂျင်တယောက်စားသောက်ဆိုင်မှာ တ​ယောက်တည်းထိုင်စောင့်နေတော့တယ်.. စားသောက်ဆိုင်ကခေါင်မိုးထပ်မှာဖြစ်တော့ အပေါ်ကကြည့်လိုက်ရင် မီးရောင်တလက်လက်ဖြင့် လှပစွာရှိ​နေတဲ့မြို့ပြကို ငေးကြည့်နေရင်းသာ စောင့်နေလိုက်တယ်..

ရုံးဆင်းတာနဲ့လာခဲ့မယ်ဆိုသူက အခုထိမရောက်လာသေးပေ။ ထိုင်နေတာအတော်လေးကြာနေပြီဖြစ်တယ်.. လေတဖြူးဖြူးတိုက်ခတ်နေတဲ့အမိုးထပ်မှာဖြစ်တာကြောင့် ဂျင်လက်ဖျားလေးတွေအေးစက်နေချေပြီ.. အခုထိရောက်မလာသေးတဲ့ဂျောင်ဂုကို တခုခုဖြစ်နေလား စိုးရိမ်မိတာနဲ့ ဖုန်းခေါ်လိုက်မိတယ်..

"လာနေပြီလား"

"မောင်.. အခုလာတော့မယ်.. မောင်နောက်ကျနေတာတောင်းပန်ပါတယ် အလုပ်ကမပြီးသေးဖြစ်နေလို့ပါ.. မောင်အခုလာနေပြီ ကားပါကင်မှာ.."

"ဂျင်စောင့်နေမယ်နော်.."

"အမြန်လာခဲ့မယ်နော် ချစ်တယ်"

"ကားကို ဂရုစိုက်မောင်းအုံး"

"ဟုတ်ပါပြီဗျာ.."

ဂျင်ဆီကဖုန်းချလိုက်ပြီးတော့ လက်ထဲကစာရွက်စာတန်းတွေအကုန်ကားထဲထည့်လိုက်တယ်.. ကားပေါ်တက်ဖို့လုပ်တော့ လူတယောက်ကသူ့ကိုဆွဲလှည့်ပြီး ထိုးတော့တယ်.. ဘာမှန်းတောင်မသိလိုက်ဘဲ ရုတ်တရက်အထိုးခံလိုက်ရခြင်းပင်။

မျက်နှာကိုပဲ ဆက်တိုက်ထိုးနေတဲ့သူကြောင့် အမြင်တွေဝေဝါးနေကာ ဂျောင်ဂုဘက်ကပြန်ခုခံနိုင်စွမ်းမရှိခဲ့.. ထိုခပ်ထွားထွားလူရဲ့တရတ်ဆတ်ထိုးချက်တွေကြားမှာ ဂျောင်ဂုကြမ်းပြင်ပေါ်လှဲကျတော့တယ်.. ပါးစပ်မှာလည်း သွေးစက်အချို့ထွက်နေပြီဖြစ်တယ်..

လှဲကျနေသောဂျောင်ဂုဝမ်းဗိုက်ကိုပါ အပြင်းအထန်ကန်ကြပြန်တယ်.. ကားပါကင်မှာ ဘယ်သူမှမရှိတာကြောင့် ကူညီမယ့်သူမရှိလောက်ပေ။

လူထွားနဲ့အတူပါလာသော တယောက်ကပါ ဂျောင်ဂုလက်ချောင်းတွေပေါ်တက်နင်းတာကြောင့် ဂျောင်ဂုနာကျင်လွန်း၍ အော်ဟစ်မိတော့တယ်.. လက်ချောင်းလေးတွေအကုန် ကျိုးကြေသွားသလားအောက်မေ့တယ်...

𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]Where stories live. Discover now