"အင်း.. လာခဲ့မယ်.."
ဖုန်းပြောရင်းထွက်သွားသောဂျောင်ဂုကျောပြင်ကိုသာ ဂျင်ရပ်ကြည့်နေမိတယ်... အလုပ်သွားခါနီးတိုင်း အမြဲလုပ်နေကျနှုတ်ဆက်အနမ်းကိုပင် ဂျောင်ဂုသတိရသည့်ပုံမပေါ်ပေ။
....
"အကိုလေးထယ်ယောင်း.."
"ဂျီမင်ရော... ရှိနေလား"
"အကိုလေးက နေမကောင်းလို့ အလုပ်မသွားဘူး.."
"ဆေးခန်းသွားပြီးပြီလား"
"မသွားပါဘူး.. မနေ့ကအကိုလေးသူငယ်ချင်းအိမ်လာကြည့်သွားတယ်"
"ဘယ်က သူငယ်ချင်းလဲ.. သူဘယ်သူလဲသိလား.."
"ဂျွန်ဂျောင်ဂုပါ"
အမေ့ရဲ့ဖျောင်းဖျမှုတွေကြောင့် လက်ထပ်ဖို့သူလိုက်လျောလို့စဥ်းစားထားတယ် ဂျီမင်နဲ့မတွေ့ဖြစ်တာကြာတော့ အိမ်ကိုလာလိုက်တယ်။ မိဘတွေတော့မရှိပေမဲ့ အိမ်အကူမိန်းကလေးနဲ့ပဲအရင်တွေ့တယ်..
သူအခန်းထဲဝင်လိုက်တာနဲ့ ခေါင်းရင်းကိုမှီထားပြီး ကုတင်ပေါ်ခြေဆင်းထိုင်နေတဲ့ဂျီမင်ဆီက အသံစွာစွာလေးထွက်လာတော့တယ်..
"မင်းဘယ်လိုဝင်လာတာလဲ.. ယဥ်ကျေးမှုမရှိလိုက်တာ"
"ဘာဖြစ်လို့လဲ? ကိုယ့်ယောက်ျားအခန်းထဲကိုဝင်လို့မရဘူးလား.. မင်းနေမကောင်းဘူးဆို ဒါပေမဲ့မျက်နှာလေးကလန်းဆန်းနေတာပဲ.. ဟက်! ဂျွန်ဂျောင်ဂုဆီကဘာဆေးတွေရလိုက်လို့လဲ"
စကားတခွန်းချင်းပြောနေရင်း ကုတင်အနားလျှောက်လာနေတဲ့ထယ်ယောင်းရဲ့အကြည့်တွေက ကြောက်စရာကောင်းတယ်..
"ဘာတွေပြောနေတာလဲ.. ငါ့ကိုလည်းနည်းနည်းပါးပါးလေးစားမှုရှိပါအုံး"
"မင်းငါနဲ့အိပ်လိုက်ကတည်းက မင်းအတွက်လေးစားမှုမရှိတော့ဘူး.. မင်းဂျောင်ဂုနဲ့ရော အိပ်ပြီးပြီလား"
"ဂျောင်ဂုနဲ့ဘာဖြစ်ဖြစ် မင်းနဲ့မဆိုင်ဘူး..!"
"မင်း..!!"
ရုတ်တရက်ကုတင်အပေါ်တက်လာတဲ့ထယ်ယောင်းကြောင့် ဂျီမင်အမြန်ဆင်းပြေးဖို့ကြံရွယ်လိုက်ပေမဲ့ အချိန်မမှီလိုက်ပေ။ ထယ်ယောင်းကသူ့ကိုယ်ပေါ်အုပ်မိုးလျက်သားရှိနေပြီ.။ လက်နှစ်ဖက်ကိုအိပ်ယာဖြင့်ထိကပ်ကာ တင်းကျပ်စွာဆုပ်ကိုင်ထားတယ်.. ရုန်းကန်နေလည်းမလွတ်မြောက်နိုင်ပေ။
YOU ARE READING
𝖲𝗈𝖿𝗍 𝖥𝗅𝖺𝗆𝖾 [✔]
Fanfictionငါ့လုပ်ရပ်တွေကပဲ ငါ့ကိုပြန်နာကျင်စေမယ်ဆိုတာ တကယ်မသိခဲ့ဘူး .. ❄